မတ်လ(၁၉)ရက်နေ့ မနေ့က နေလည်(၂)နာရီခန်အချိန်တွင် ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ဆုချီးမြင့်တဲ့ အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဆုချီးမြင့်ပွဲအခမ်းအနား ကိုတော့ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်း မိုးလုံလေလုံအားကစားရုံတွင်ပြုလုပ်ကျင်းပခဲ့တာ ပဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် နှင့် ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။  

ဆုပေးပွဲအခမ်းအနားမှာတော့ ပထမဆုံးအနေနဲ့ အလွတ်တန်းပြိုင်ပွဲတွင် စတုတ္ထမှ ဒသမအထိ ဆုရရှိသူများ ကိုရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင် ကြည်က ငွေသားဆုများပေးအပ်ချီးမြင့်ခဲ့ပါ တယ်။ဆက်လက်ပြီး အသက် ၂ဝ နှစ် အောက် လူငယ်ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ငွေသားဆုနှင့် ဆုဖလား များကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ဆုများချီးမြင့်ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲ့ဒီနောက်မှာတော့ Unrated ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ငွေသားဆုနှင့် ဆုဖလားများကို တိုင်းဒေ သကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆုချီးမြင့်ခဲ့ပြီး သိရပါတယ်။ နောက်ဆုံးအနေနဲ့ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းမှ အလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြတဲ့ ပထမဆု ဝေဖြိုး (မြောက်ဥက္ကလာပ)၊ ဒုတိယဆု နိုင်မျိုးလင်း (သာကေတ)၊ တတိယဆု မျိုးထွဋ်အောင် (တာမွေ)တို့ကို ငွေသားဆုနှင့် ဆုဖလားများ အသီးသီး ပေးအပ် ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ စစ်တုရင်ပြိုင်ပွဲတွင် စစ်တုရင် အားကစားသမား ၈၉ ဦးဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - (မြန်မာ့အလင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။