ခန့်ညားမှုအပြည့်နဲ့ ချောမောပြီးယောင်္ကျားပီသတဲ့ မြန်မာနိုင်ငံရဲ့မင်းသားချောတွေမှာထဲ မင်းသား နိုင်နိုင်းကလည်း တစ်ဦးအပါအဝင်ပါပဲ..။

မင်းသား နိုင်နိုင်းကတော့ POND'S Man Myanmar က ခန့်အပ်လိုက်တဲ့ POND'S Man Myanmar ရဲ့ Brand ambassador တစ်ဦး ဖြစ်သွားပြီ ဖြစ်ပါတယ်..။

မင်းသားနိုင်နိုင်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာ ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

သူ့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေနဲ့အတူ ယောင်္ကျားပီသတဲ့ ဥပဓိရုပ်ရည်၊ အမိုက်စားဘော်ဒီနဲ့ ကြွေလောက်တဲ့ အလန်းစား အရပ်အမောင်းတို့ကို ပိုင်ဆိုင်ထားသူမို့ ခန့်ညားချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသားချောတစ်လက်လည်း ဖြစ်ပါတယ်..။

အိမ်ထောင်ပြုပြီး နောက်ပိုင်း အနုပညာအလုပ်တွေကို နည်းပါးသွားတဲ့ မင်းသား နိုင်နိုင်းကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေပြီး ချစ်ရတဲ့မိသားစုနဲ့အတူ အမေရိကမှာ သွားရောက်နေထိုင်နေတာလည်း ဖြစ်ပါတယ်..။

လတ်တလောမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်..။

Photo - စန္ဒီချို fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။