နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးတစ်ယောက် loreal paris commercial ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အနီရောင်ဝတ်စုံနဲ့ သူမရဲ့အလှက တကယ်ကိုထင်ရှားလွန်း နေပါတယ်။ အောင်မြင်တဲ့ မင်းသမီးအဖြစ်နဲ့ အနုပညာလောကမှာ ရပ်တည်ခဲ့တာ အချိန် အတိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ သူမဟာ Snare အဖွဲ့က အဆိုတော် ဖြိုးလေးနဲ့ ချစ်သူတွေ ဖြစ်နေကြပြီး ချစ်သက်တမ်းဟာလည်း နှစ်နှစ် ကျော်တိုင်ခဲ့ပြီပဲ ဖြစ်ပါ တယ်။

သူမဟာ သီချင်းခွေတစ်ခွေကိုလည်းထွက်ရှိထားပါသေးတယ်။ သူမတို့ချစ်သူနှစ်ယောက် ဟာလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်ခင်ကြပြီး ပရိတ်သတ်တွေ အားကျ ရတဲ့ ဆယ်လီစုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ သူမတို့နှစ်ဦးရဲ့ ချစ်သက်တမ်းဟာလည်း အခုဆိုရင် နှစ်နှစ်ကျော်ကာလကို တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းချစ် ခင်ပြီး ဘယ်သွားသွား အတူတူမို့ ပရိတ်သတ်တွေအားကျ ရတဲ့ စုံတွဲတစ်တွဲဆိုလည်း မမှား ပါဘူး။

loreal paris commercial ရိုက်ကူးနေတဲ့ သူမရဲ့အနီရောင်ဖက်ရှင် ပုံရိပ်တွေက တကယ်ကို စွဲမက်ချင်စရာကောင်းနေပါတယ် ပရိတ်သတ်ကြီး ရေ။ လှပလွန်းတဲ့ ခန္ဓာကိုယ်ကောက် ကြောင်းနဲ့ အနီရောင်ဝတ်စုံတို့က တကယ်ကိုလိုက်ဖက်တင့်တယ်ပြီး ကြည့်ကောင်းလွန်းနေပါ တယ်။ ဘယ်ချိန်ကြည့်ကြည့် စွဲဆောင်မှုအပြည့်နဲ့ အမြဲတမ်းလှပ နေတဲ့ ဝါဆိုမိုးဦးရဲ့ အကြွေ စင် ပုံရိပ်တွေကို ပရိတ်သတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်အောင် ပြန်လည်ဝေမျှပေးလိုက် ပါ တယ်နော်။

Photo – Warso Moe Oo's / Lin Linn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။