သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဘေဘီမောင်တစ်ယောက် အကယ်ဒမီနဲ့ပက်သက်ပြီး သူမရဲ့ မျှော်လင့်ချက်ရင်ခုန်သံလေးကို အင်တာဗျူးတစ်ခုမှာ ပြောပြသွားပါတယ်။ အမြဲတမ်း ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေကို အမြဲတမ်းဖမ်းစားနိုင်သူလေးပါပဲ။ တတ်နိုင်သမျှ အလှူလေးတွေလည်း မကြာခဏလုပ်တတ်တဲ့ စိတ်ထားလှတဲ့ မင်းသမီး လေးတစ်လက်ပါပဲ။ အနုပညာလောကမှာ လျှောက်လှမ်းနေတာ အချိန် အတိုင်းအတာ တစ်ခုထိ ကြာမြင့် ခဲ့ပြီဖြစ်ပြီး သူမကိုအားပေးဝန်းရံတဲ့ ပရိတ်သတ်တွေကလည်း အများအပြား ပါပဲ။

မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲနဲ့ပက်သက်ပြီး သူမအနေနဲ့ကတော့ အကယ်ဒမီ ကိုနောက်ဘဝမှပဲ မျှော်မှန်းတော့မယ်လို့ ဆိုပါတယ်။ သူမကအသက်အရွယ်လည်း ရနေ ပြီဖြစ်ပြီး ကံလည်းသိပ်မကောင်းဘူးလို့ဆိုပါတယ်။ ပရိတ်သတ်လက်ခံအားပေးမှုကြောင့်သာ အနုပညာလုပ်ငန်း တွေလုပ်ခွင့်ရတာလို့ဆိုပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကို ကိုင်ခွင့်မရ ပေမယ့် ကြည့်ခွင့်တော့ရတယ်လို့သူမကဆိုပါတယ်။

အကယ်ဒမီဆုမရသေးတဲ့သူကို ပိုရစေချင်တယ်လို့သူမကဆိုပါတယ်။ မင်းသမီးထဲမှာဆိုရင် တော့ သူမရဲ့သူငယ်ချင်းဖြစ်သူ အိချောပိုကို ရစေချင်တယ်လို့ဆိုပါတယ်။ အနုပညာရှင်တွေ အတွက် တကယ့်ကိုရင်ခုန်စရာကောင်းတဲ့ ပွဲလေးတစ်ခုပါပဲ။ ပရိတ်သတ်တွေကလည်း အများအပြားစိတ်ဝင်စားနေကြမှာပါပဲ။ ဘယ်သူတွေ ထူးချွန်ဆုရမလည်းဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပါပဲ။

Source - Myanmar Celebrity / Photo - Baby Maung / Ei Chaw Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။