အိမ်ထောင်ကျပြီးနောက် အဆမတန်တက်သွားတဲ့ဝိတ်ကို ဒီလိုရိုးရိုးရှင်းရှင်းလေးချခဲ့ပါတယ်။

‘‘အိမ်မှာ နေ့တိုင်းကစားတယ်။ အစားဆို လွန်ခဲ့တဲ့လကဆို တစ်လလုံး ထမင်းမစားဘူး။ ပေါင်မုန့်အညိုတို့၊ သကြားဆိုမစားရဘူး။ နို့တို့ ဘာတို့ မစားတော့ဘူး။ အသီးအနှံမစားတော့ဘူး။ အသီးအနှံထဲက စားလို့ရတာက သင်္ဘောသီးရယ်၊ မာလကာသီးရယ်ရှိ တယ်။ ကျန်တာက ဘာမှမစားတော့ဘူး။ ဟင်းရွက်ကြော်ဆိုရင်လည်း အိမ်မှာစားတယ်။ သံလွင်ဆီ စတီးဇွန်းသေးသေးလေးတစ် ဇွန်းနဲ့ အရွက်များများ ခရမ်းချဉ်သီး အဲဒါမျိုးနဲ့ စားတယ်။ တစ်လလောက် အဲဒီလိုလုပ်တယ်။ အခုတော့ နေ့လယ်စားစားတယ်။ ညစားကတော့ အသီးအရွက်ပဲ’’ လို့ မယ်လိုဒီကနေ ပြန်လည်မျှဝေပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၀ိတ်ချရတဲ့အကြောင်းအရင်းကိုတော့

" ကားရိုက်မှာမို့လို့ ဝိတ်ချတာတော့ မဟုတ်ဘူး။ သားက လည်း တစ်နှစ်နဲ့ခုနစ်လရှိပြီဆိုတော့ ဖက်တီးကြီးဖြစ်နေလို့လည်း အဆင်မပြေဘူး။ ကျန်းမာတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိမှသာ ကိုယ် လည်း နေလို့ကောင်းတယ်။စိတ်လည်းပျော်တယ်။ အဓိကက ကား ရိုက်တာထက် ကိုယ့်ကိုယ်ကိုယ်ချစ်ချင်လို့၊ ဖက်တီးကြီးဆို ကိုယ့်ကိုယ်ကိုယ် မချစ်ဘူး။ သူများဝရင်သာချစ်တာ" လို့ ပြောကြားခဲ့ပါတယ်။ 

ကလေးသုံးယောက်ယူမယ်လို့ ကြွေးကြော်ထားခဲ့ပေမယ့် လက်ရှိအခြေအနေကို မယ်လိုဒီကနေ ယခုလို ရယ်ရယ်မောမောပြောကြားခဲ့ပါတယ်။

‘‘အရင်တုန်းကတော့ သုံးယောက်လို့ ကြိမ်းဝါးထားတာ။ အခုက အဲဒီတစ်ယောက်က တော်တော်ထိန်းရတာ။ ညဆိုလည်း တော်တော်မအိပ်တော့ သူ့ကိုထိန်းရတယ်။ ရေချိုးပေး၊ ထမင်းကျွေး၊ ပြီးရင် သူနဲ့ကစား တော်တော်ပင် ပန်းတာ။ နောက်တစ်ယောက်ယူမယ်လို့တော့ စဉ်းစားတာပဲ။ သုံးယောက်ကနေ နှစ်ယောက်ဖြစ်သွားပြီ။ ခဏနေရင် အဲဒီတစ်ယောက်တည်းနဲ့လည်း တော်ရင် တော်မှာ’’

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။