မတ်လ(၁၉)ရက်နေ့၊မနေ့ မနက်(၈)နာရီအချိန်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၄၄)နှစ်မြောက် မွန်ပြည် နယ်နေ့ အခမ်းအနား ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။အဆိုပါ အခမ်းအနားကိုတော့ အမျိုးသားလွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦး အေးသာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ် ဝန်ကြီးများ၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ် စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး များ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်း သားပြည်သူများ တက်ရောက် ကြခဲ့တာပဲ ဖြစ်ပါတယ်။ 

အခမ်းအနားတွင် ပထမဦးစွာ နိုင်ငံတော်သမ္မတမှ ပေးပို့တဲ့ သဝဏ်လွှာကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဦးအေးဇံက ဖွင့်ဖောက်ဖတ်ကြားခဲ့ပါတယ်။သဝဏ်လွှာ ဖတ်ကြားပြီးချိန်မှာတော့ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ က အမှာစကားပြောကြားခဲ့ကြတာပဲ ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ပြည်နယ်အတွင်း ထူးချွန် ပုဂ္ဂိုလ်များအား ပုဂ္ဂိုလ်များအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းရင်းသား အဆိုအက များဖြင့် ဧည့်ခံဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။  

ဆက်လက်ပြီး နံနက် ၁၁ နာရီအချိန်တွင် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများ ဖွင့်လှစ်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဥယျာဉ်ပန်းခြံ၌ ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။အဆိုပါ အခမ်းအနားကို တော့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က ပြခန်းမုခ်ဦး ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ ပြခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

သတင်းအရင်းအမြစ် - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။