အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလ့ကျင်မှုကို ဧပြီလ(၁) ရက်နေ့မှာ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်းကို တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

မြောက်ကိုရီးယားနှင့် စေ့စပ်ဆွေးနွေးမည့် အလားအလာများ ရှိနေသည့်တိုင် အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ 

" စစ်ရေးလေ့ကျင့်မှုတွေကို လာမယ့် ဧပြီမှ တစ်လတာ ကျင်းပပါမယ်၊ ခုလို နှောင့်နှေးခဲ့ရကလည်း အိုလံပစ်ပွဲ ရှိနေခဲ့တာရယ်၊ နှစ်ဘက်စစ်တပ်တွေမှာလည်း ကိုယ်စီလုပ်စရာ အစီအစဉ် အသီးသီး ရှိနေခဲ့လို့ ဖြစ်ပါတယ်" လို့ဆိုပြီး တာဝန်ရှိသူတစ်ဦး

ယမန်နှစ်က အဆိုပါ အမေရိကန်နှင့် တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုများကို မတ်လ မှ ဧပြီလအထိ နှစ်လတာ ကျင်းပခဲ့သည်။ ယခုနှစ် ကျင်းပမှုကိုတော့ ယမန်လက တောင်ကိုရီးယားအိုလံပစ်ပွဲနှင့် တိုက်နေမိစိုးသဖြင့် နောက်ဆုတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ ပြုံချန်း အိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့ရမှုကြောင့် နှစ်နိုင်ငံအကြား စစ်ရေးလေ့ကျင့်မှု နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်ကြောင်း ဆိုးလ်မြို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။