မင်းသမီးချောခိုင်နှင်းဝေကတော့ ယခုနောက်ပိုင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေဘက်မှာ ပိုမိုအသားပေးလုပ် ကိုင်လာတာကိုမြင်တွေ့ရပြီး ပရဟိတနယ်ပယ်ဘက်မှာ အရမ်းကိုနာမည်ကျော်ကြားလာသူလေးပဲဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေ၊ ဖျော်ဖြေရေးအစီစဉ်တွေနဲ့ ခရီးတွေမကြာခဏထွက်လေ့ရှိတဲ့သူမကတော့ အခုလည်း ထိုင်းနိုင်ငံဘန်ကောက်ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ရက်အနဲငယ်ကလည်း ထိုင်းနိုင်ငသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် သီချင်းသွားရောက်ဖျော်ဖြေသီဆိုခဲ့တာပဲ ဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်လေးကတော့ မြန်မာလူမျိုးများအတွက် ပထမ ဆုံးအကြိမ် သွားရောက်ဖျော်ဖြေခဲ့တဲ့ပွဲလေးဖြစ်ပြီး အရမ်းလည်းရင်ခုန်ခဲ့ရသလို ပရိသတ်တွေနဲ့ထပ်တူ အရမ်းလည်း ပျော်ရွှင်ခဲ့ရပါတယ်လို့ သူမရဲ့လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။ 

အခုလည်း ထိုင်းနိုင်ငံသွားရောက်လည်ပတ်နေတဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်း လူမှုစာမျက်နှာအထက်မှာ မျှဝေထားတပဲဖြစ်ပါတယ်။ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်လို လှပနုပျိုနေတဲ့ သူမရဲ့အလှပုံရိပ်လေးတွေ ကိုတော့ ချစ်ပရိသတ်တွေ သဘောကျလို့မဆုံးဖြစ်နေကြပါတယ်။ချစ်စရာကောင်းတဲ့ ပရဟိတမင်းသမီးလေးရဲ့ ခရီးသွားပုံရိပ်လေးတွေ ကိုလည်းချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ခိုင်နှင်းေ၀ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။