Shwe FM ၏ သတ္တမအကြိမ် ဂီတဆုပေးပွဲ

သတ္တမအကြိမ် ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် ညက နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၂၀၁၆ တစ်နှစ်တာပတ်လုံးအတွက်ဂီတဆုများပေးအပ်ခဲ့ရာ မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို မနော၊မြန်မာသံ အမျိုးသမီးတေးသံရှင်ဆု အိအိချွန်၊ ရွှေအက်ဖ်အမ်မှ စိတ်ကြိုက်ရွေးချယ် ခံရသောတေးသီချင်းမှ တေးသီချင်းဖော်စပ်သူဆုကို ကိုင်ဇာ ၊ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ရွှေအက်ဖ်အမ်သို့အ တောင်းခံရဆုံးတေးသံရှင်ဆုကို နီနီခင်ဇော်၊အကောင်းဆုံး Music Video ရိုက်ကူးဖန်တီးပုံဖော်ခဲ့သည့် ဒါရိုက်တာဆုကို ထူးပိုင်ဇော်ဦး ၊ Myanmar Idol Season 1 တွင် ထွက်ရှိသော Album များထဲမှ ရွှေပရိသတ်၏အားပေးမှုအများဆုံးနှင့် သီချင်းအတောင်းခံရဆုံးတေးသံရှင်ဆုကို Mဇော်ရိန် ၊ သီချင်း အတောင်းခံရဆုံး အမျိုးသားတေးသံရှင်ဆုကို ရွှေထူး ၊ သီချင်းအတောင်းခံရဆုံး အမျိုးသမီးတေးသံရှင်ဆုကို ရတနာမိုင် နှင့် ဖေ့စ်ဘွတ်မှတစ်ဆင့် မိမိ ကြိုက်နှစ်သက်ဆုံးအနုပညာရှင် (ရုပ်ရှင် ၊ ဂီတ ၊ သဘင်) Comment အများဆုံးဆုကို ဟိန်းဝေယံတို့ကအသီးသီးရရှိခဲ့ကြသည်။

Source: 7Day News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။