၂၁.၃.၂၀၁၈ ရက်နေ့မှ ၂၇.၃. ၂၀၁၈ ရက်နေ့ အထိ ဆရာစံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ အရောင်တွေလည်း ပါဝင်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

တနင်္ဂနွေနေ့ မွေးသူတွေ မှန်းထားတာနဲ့ လက်တွေ့ ကွာဟ နိုင်တယ်။ ငွေကြေးကံကောင်းမယ်။ ဒါပေမယ့် ငွေဝင် မမြဲ ဖြစ်တတ်တယ်။ ကိုယ်မှန်းထားတဲ့နေရာက ငွေမဝင်ဘဲ မမှန်းထားတဲ့နေရာက ငွေဝင်နိုင်တယ်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း အပျက်များမယ်။ လုပ်သမျှ အနှောင့်အယှက် အတိုက်အခံလေးတွေ ရှိမယ်။ သတိနဲ့ ယှဉ်ပြီး လုပ်ပါ။ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။ ကြာသာပတေး၊ သောကြာ၊ စနေနေ့ မွေးသူများနဲ့ အလုပ်များ မွေးသူတွေနဲ့ တွဲပြီးလုပ်ပါ။ ကောင်းကျိုးပေးလိမ့်မယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၉၊ ၇၊ ၈

ကံကောင်းစေတဲ့ အရောင် - အနီ၊ အပြာ၊ ပန်းရောင်

ယတြာ - ဆန် အလှူဒါန တစ်ပတ်တာအတွင်း မကြာခဏ ဆောင်ရွက်ပေးပါ။

တနင်္လာနေ့မွေးသူများ

တနင်္လာနေ့မွေးသူတွေက ထူးခြားတဲ့ ကံတက်လမ်း ပေါ်မယ်။ အခက်အခဲ အားလုံး ကျော်လွှားနိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်မယ်။ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို လက်တွေ့ အသုံးချသင့်တဲ့ ကာလ ဖြစ်တယ်။ ငွေကြေး ကံကောင်းခြင်း၊ ဘ၀ တိုးတက်ခြင်း ရှိတယ်။ ရန် အတိုက်အခံတော့ အနည်းငယ် ရှိတယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။ စနေ၊ တနင်္ဂနွေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၁၊ ၅၊ ၉

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အစိမ်း၊ မီးခိုးရောင်

ယတြာ - စံပယ်ပန်း မကြာခဏ လှူဒါန်းခြင်း ပြုပေးပါ။

အင်္ဂါနေ့မွေးသူများ

အင်္ဂါနေ့မွေးသူတွေ အနေနဲ့ကတော့ ထူးထူးခြားခြား ကံကောင်းခြင်းနဲ့ တိုးတက်ခြင်းတွေ ကြုံမယ်။ ပြောသမျှ၊ ဆောင်ရွက်သမျှ အောင်မြင်မယ်။ အလိုဆန္ဒတွေ ပြည့်စုံမယ်။ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မယ်။ ရန်အားလုံးကို ကျော်လွှားပြီးတော့ အလိုဆန္ဒ ရည်မှန်းချက် ထားသလောက် အောင်မြင်မယ်။ ငွေကြေး ကံကောင်းမယ်။ လူယုံတော့ သတိထားပါ။ ဒုက္ခ ပေးတတ်တယ်။ ကြာသာပတေး၊ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရရှိပြီး စနေနေ့၊ သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၁၊ ၅၊ ၉

ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ အဝါရောင်၊ မီးခိုရောင်။

ယတြာ - အပြာရင့်ရောင် ပန်းလေးများ မကြာခဏ ဘုရားကပ်လှူခြင်း ပြုပေးပါ။ 

ဗုဒ္ဓဟူးနေ့မွေးသူများ

ဗုဒ္ဓဟူးနေ့ မွေးသူတွေမှာ သာမာန်ထက် မြင့်တဲ့ ကံကောင်းခြင်း တိုးတက်ခြင်းတွေ ရှိမယ်။ စိတ်ချမ်းမြေ့မှုတွေ ရှိမယ်။ အခက်အခဲတွေ ကျော်လွှားပြီး အောင်မြင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ချမှတ်တဲ့ ကိစ္စတွေ အဆင်ပြေမယ်။ ပျိုရွယ်သူတွေ စန်းပွင့်မယ်။ ခရီး ကံကောင်းမယ်။ ငွေကြေး အစုလိုက် ဝင်ကိန်း ရှိမယ်။ လူယုံတော့ သတိထားရမယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများနှင့် ပူးတွဲလုပ်ရင် အကျိုးပေးတယ်။ တနင်္ဂနွေ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၁၊ ၅၊ ၉

ကံကောင်းစေတဲ့ အရောင် - အဝါ၊ အပြာ၊ မီးခိုးရောင်

ယတြာ - စံပယ်ပန်း မကြာခဏ ဘုရားလှူဒါန်းခြင်း ပြုလုပ်ပါ။

ရာဟုမွေးသူများ

ရာဟုမွေးသူတွေ အတွက်က ထူးထူးခြားခြား ကံကောင်းခြင်းနဲ့ အကျိုးပေးခြင်းတွေ ရှိမယ်။ လာဘ်ပွင့်မယ်။ အလိုပြည့်ခြင်းများ ကြုံမယ်။ ငွေကြေး ကံကောင်းမယ်။ စီးပွားရေး၊ လုပ်ငန်း ကံကောင်းမယ်။ ငွေကြေး ကိစ္စ ပြောဆိုမယ် ဆိုရင် ၂၁ ရက်နေ့မှ ကောင်းမယ်။ ကိုယ့်ကို ကူညီသူတွေ ရှိမယ်။ ကျန်းမာရေး ချူချာမယ်။ တနင်္လာ၊ သောကြာ၊ စနေ နေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရပြီး တနင်္ဂနွေ၊ ဗုဒ္ဓဟူး မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၂၊ ၄၊ ၉

ကံကောင်းစေတဲ့ အရောင် - အညိုရောင်၊ အပြာရောင်၊ မီးခိုးရောင်

ယတြာ - ပန်းခရမ်းရောင် ပန်းပွင့်လေးတွေ မကြာခဏ ဘုရားကပ်လှူပါ။

ကြာသာပတေးနေ့ မွေးသူများ

ကြာသာပတေး သားသမီးများအတွက်ကတော့ ကောင်းသော အပြောင်းအလဲ နဲ့ တိုးတက်မှုတွေ ဖြစ်တည်နေတယ်။ ရည်မှန်းချက် အသစ်နဲ့ အကောင်အထည်ဖော်နိုင်တဲ့ ကာလဖြစ်တယ်။ လွန်ခဲ့တဲ့ ၂ လ ဆက်တိုက် ညံ့တဲ့ ကံက လွတ်မယ်။ ချက်ချင်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်တဲ့ ကိစ္စတွေ ထူးထူးခြားခြား အောင်မြင်မယ်။ ငွေကြေး၊ လုပ်ငန်း ကံကောင်းတယ်။ သူတစ်ပါးကြောင့် ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေ ပျက်စီးစေနိုင်တယ်။ မိတ်ဆွေကောင်း ရနိုင်တယ်။ လာဘ်ပွင့်ခြင်း၊ ကံပွင့်ခြင်းများ ကြုံမယ်။ တနင်္လာ၊ ဗုဒ္ဓဟူးနေ့၊ အင်္ဂါနေ့ မွေးသူတွေက ကောင်းကျိုးများ ရမယ်။ တနင်္ဂနွေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၁၊ ၄၊ ၉

ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ မီးခိုးရောင်၊ နို့နှစ်ရောင်။

ယတြာ - နေအိမ်အနီးပါးမှာ ရှိတဲ့ အသက်အရွယ် ကြီးရင့်သူတွေကို ဆေးဝါး လှူဒါန်းခြင်း ပြုပေးပါ။  

သောကြာနေ့ မွေးသူများ

သောကြာနေ့ မွေးသူတွေ အနေနဲ့ကတော့ ရန်အတိုက်အခံများနဲ့ ယှဉ်ပြီး လုပ်ရမယ်။ သူများ ပြသနာ ကိုယ့်ပြသနာ ဖြစ်မယ်။ စာရွက်စာတမ်းကိစ္စ၊ ငွေကြေး ကိစ္စ ပြသနာဖြစ်နိုင်တယ်။ ကျန်းမာရေး ချူချာမယ်။ ရန်အတိုက်အခံ အနည်းငယ် ရှိတယ်။ လူယုံ သတိထားပါ။ သူတစ်ပါးကြောင့် ကိုယ့် ရည်ရွယ်ချက်တွေ နှောင့်နှေးရတတ်တယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရပြီး ကြာသာပတေး၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၆၊ ၇၊ ၉

ယတြာ - အနီးအပါးမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဆန်လှူဒါန်းပါ။ 

စနေနေ့မွေးသူများ

စနေနေ့ မွေးသူတွေ အနေနဲ့ကတော့ ထူးခြားတဲ့ ကံအပြောင်းအလဲနဲ့ တိုးတက်ခြင်းတွေ ရှိမယ်။ မိတ်ဆွေကောင်း အထောက်အကူ ရမယ်။ စိတ်ချမ်းသာစရာများ ကြုံမယ်။ ပူးတွဲပြီးလုပ်တဲ့ အလုပ်တွေ အကျိုးပေးမယ်။ စီးပွားရေး တိုးတက်မှုများ ရရှိမယ်။ ချက်ချင်းဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ကိုင်ခြင်းရဲ့ အကျိုးဆက်ကောင်းကို ရရှိမယ်။ ကိုယ်ပိုင် အတွေးအခေါ်နဲ့ လုပ်ကိုင်ခြင်း အကျိုးကျေးဇူး ရရှိမယ်။ ငွေကြေးကိစ္စ ပြောဆိုမှုတွေ အောင်မြင်မယ်။ လူယုံ သတိထားပါ။ တနင်္ဂနွေ၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရရှိပြီး စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ ဂဏန်း - ၂၊ ၇၊ ၉

ကံကောင်းစေတဲ့ အရောင် - နေအိမ်အနီးအနားမှာ ရှိတဲ့ ကလေးသူငယ်တွေကို ချိုချဉ် လှူဒါန်းခြင်း ပြုလုပ်ပေးပါ။ 

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။