လီဗာပူးအသင်​းဟာ မန်​စီးတီးရဲ့ အင်္ဂလန်​ No1 ဂိုးသမား ဂျိုးဟတ်​အား ရာသီကုန်​၌ အန်​ဖီးလ်​သို့ ​ခေါ်ယူသွားဖို့ ကြိုးစားလာဖွယ်​ ရှိ​နေ​ကြောင်​း သိရပါတယ်​။

29 နှစ်​သားဟာ မန်​စီးတီးသို့ နည်​းပြသစ်​ ဂွာဒီယိုလာ​ရောက်​ရှိလာပြီး​နောက်​ အီတလီကလပ်​ တိုရီနိုအသင်​းသို့ တစ်​ရာသီအငှါးဖြင်​့ သွား​ရောက်​ကစား​နေရသူဖြစ်​ပြီး ရာသီကုန်​၌ ၎င်းအား စီးတီးအသင်​းမှာ ​ရောင်​းထုတ်​သွားဖို့ ရှိ​နေပါတယ်​။

က​လော့ပ်​အသင်​း၌လည်​း လက်​ရှိဂိုးသမားများ၏ စွမ်​း​ဆောင်​မှုမှာ လုံ​လောက်​မှုမရှိ​သော​ကြောင်​့ အဆင်​့မှီဂိုးသမားတစ်​ဦး ​ခေါ်ယူရဖို့ရှိ​နေပါတယ်​။ သို့​ပေမယ်​့ နည်​းပြ က​လော့ပ်​မှ ဇနဝါရီမှာ​တော့ ဂိုးသမား​ခေါ်ယူသွားမည်​မဟုတ်​​ကြောင်​း ထုတ်​​ဖော်​​ပြောကြားထားပါတယ်​။

ဂျိုးဟတ်​အား တိုရီနိုအသင်​းမှလည်​း အပြီးပြတ်​​ခေါ်ယူဖို့ ပြင်​ဆင်​​နေ​ကြောင်​း သိရပြီး လီဗာပူးအ​နေနှင်​့ အင်္ဂလန်​သားအား အမှန်​တကယ်​ ကမ်​းလှမ်​းမလားဆိုတာ​တော့ ​စောင်​့ကြည်​့သွားရမည်​ ဖြစ်​ပါတယ်။

Credit - Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။