တောင်ကိုရီးယား ဖျော်ဖြေရေး အဖွဲ့တဖွဲ့ကို ဒီလကုန်မှာ မြောက်ကိုရီးယားကို ချစ်ကြည်ရေး စေလွှတ်မယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

လူ ၁၆ဝ ပါတဲ့ အနုပညာရှင် အဖွဲ့ဟာ ပြုံယမ်း မြို့တော် မှာ ပွဲကြီး ၂ ပွဲ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

တောင်နဲ့ မြောက် နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေမှာ ပါဝင်တဲ့ အဆိုတော်နဲ့ တေးရေးသူ ယွန်ဆန် က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီ ချစ်ကြည်ရေးအဖွဲ့မှာ Cho Yong-pil၊ Lee Sun-hee၊ Choi Jin-hee၊ Yoon Do-hyun၊ Baek Z Young၊ Jung-in၊ Seohyun နဲ့ Ali စတဲ့ အဆိုတော်တွေ ပါမယ်လို့လည်း သိရပါတယ် ။

ကတ္တီပါနီ အမျိုးသမီး တီးဝိုင်း အဖွဲ့လည်း မြောက်ကိုရီးယားသွားမယ့် အဖွဲ့မှာ ပါဖို့ ရှိပါတယ်။

နောက်လထဲ ကျင်းပမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့တွေ့ဆုံပွဲ မတိုင်ခင် ဒီလို ယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့ စေလွှတ်တာ ဖြစ်ပါတယ်။

source - BBC news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။