အဆိုတော်ယုန်လေးနဲ့ မင်းသားချောမြင့်မြတ်ကတော့ အနုပညာလောကမှာရော အပြင်လောကမှာပါ ညီအကိုအရင်းအချာတွေလို အရမ်းကိုခင်မင်ရင်းနှီးကြတဲ့ သူတွေပဲဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေမှာလည်း အတူလက်တွဲလုပ်ကိုင်နေကြသလိုOriginal Gangstar ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရင်ထဲအနုပညာ မှတ်တိုင်တစ်ခု ဆိုက်ထူနိုင်ခဲ့ကြတဲ့ အနုပညာညီကိုတွေပဲ ဖြစ်ပါတယ်။ယုန်လေးကတော့ အကိုတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ မြင့်မြတ်ကို ဒီနှစ်အကယ်ဒမီပေးပွဲကြီးမှာ အကယ်ဒမီရစေချင်တဲ့ အကြောင်းပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ ပါတယ်။  

ယုန်လေးရဲ့ လူမှုကွန်ယက်မှာတော့ “သူအတွက်ကတော့ ဒီနှစ်အကယ်ဒမီ ရစေချင်ပါတယ်။ ဒါပေမဲ့လည်း ဟာသ ကားတွေများနေတယ်။ အကယ်ဒမီ ဆိုတာ ကျွန်တော်နားလည်တာ သရုပ်ဆောင်ထူးချွန်ဆုပေါ့ ဟာသ ဖြစ်ဖြစ် Action ဖြစ်ဖြစ် Drama ဖြစ်ဖြစ် ထူးချွန်ရင် ပေးရမယ်ထင်တယ်။ ငိုမှရမယ်ဆို ရုပ်ရှင်ထူးချွန်ဆု ကနေ ရုပ်ရှင်ဇာတ်နာဆု ဖြစ်တော့မှာပေါ့။" ကြီးကြီးကျယ်ကျယ် သာမာန်ဇာတ်ပါ " ပရမ်းပတာတွေပါဟယ် ဆိုတဲ့သူအိုက်တင်က ထူးချွန်လို့ ကျွန်တော်တို့ ရယ်ခဲ့ကျပါတယ်။ ဇွတ်ကျား သာမာန်ဇာတ် ဘုန်းကညာ သာမာန်ဇာတ် သူ့အိုက်တင်ထူးချွန်လို့ လူကြိုက်များခဲ့ပါတယ်။ 

ပြီးတော့Copy က မပေးရင်လည်းမပေးနဲ့ ပေးရင်လည်းပေး ဒီနှစ်ပေးမယ် နောက်နှစ်မပေးဘူး ဆိုတာကြီး ကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ မှတ်ချက် ကိုနေတိုးကတော့ တာတေကြီးမှာ သေအောင်ကောင်းတာပါ။ ကျွန်တော်ချစ်တဲ့ အစ်ကိုတစ်ယောက်ပါပဲ။ ပြီးတော့ မြင့်မြတ်ကို “ကျွန်”ကားမှာ ဇာတ်ပို့နဲ့ ပေးမယ်ဆိုရင် ဒါက နှစ်သိမ့်ဆု လို့မြင်မိပါတယ်။ ဒီနှစ်မရလည်း နောက်နှစ်ရမှာပဲလေ။ သူကအရည်ချင်းရှိပြီးသားကို။ ဒီနှစ်ကျွန်နဲ့ ဇာတ်ပို့ ရခဲ့ရင်။ ကျွန်ကားအပြင် အခြားရုပ်ရှင်ကားပေါင်းကောင်းများစွာမှာ တကယ် ဇာတ်ပို့စစ်စစ်တွေအတွက် နေရာပျောက်သွားမှာကို မြင့်မြတ်ကိုတိုင် စိုးရိမ်နေပါတယ်။ မရရင်လည်းမရပါနဲ့ ဇာတ်ပို့ ဆုတော့မရဖို့ တကယ်ဆုတောင်းပါတယ်။ ဇာတ်ပို့အနေနဲ့ မရသေးတဲ့သူများ ဇာတ်ပို့စစ်စစ်များသာရရှိပါစေ။ အားလုံး Peace” ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအားလုံးလည်း ယုန်လေးနဲ့ထပ်တူ ပရိသတ် အချစ်တော် မြင့်မြတ်ကို အကယ်ဒမီ ရွှေစင်ရုပ်ထုကြီးနဲ့ မြင်ချင်နေချင်နေကြမယ်လို့ အပြည့်အ၀ ယုံကြည် ပါတယ်။ 

သတင်းအရင်းအမြစ် - Kyaw Phone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။