ဆစ်ဖလစ်(Syphilis)

လူသားများအား တစ်ချိန်က ကြီးမားစွာဒုက္ခဖြစ်စေခဲ့သည့် ဆစ်ဖလစ်ရောဂါပိုးသည် လိင်ဆက်ဆံခြင်းမှ ကူးစက်သည့် ရောဂါတစ်မျိုးဖြစ်ကာ အဆင့် လေးဆင့် ရှိပြီး ပထမအဆင့်တွင် ရောဂါကူးစက်သည့် လက္ခဏာအဖြစ် ရှန်ကာဖု (benign chancre) ထွက်လာလေ့ရှိပါတယ်။ ဒုတိယအဆင့်တွင် ဆစ်ဖလစ်ပိုးသည် အဖုအပိန့်များစွာကို ထွက်လာစေကာ သွေးဖြူ ဆဲလ်များ ပါရှိသည့် အရည်ကြည် (lymph) ဖုများကို ဝါးမျို ဖျက်ဆီးလိုက်ပါတယ်။ 

ဘက်တီးရီးယားများသည် တတိယအဆင့်မရောက်မီ ခန္ဒာကိုယ် အတွင်းသို့ဝင်ရောက် လာကြကာ တတိယအဆင့် တွင် အာရုံကြောကြွက်သားများကို ဖျက်ဆီး၍ မျက်စိကွယ်ခြင်းနှင့် စိတ်ဖောက် ပြန်မှုများကို ဖြစ်ပွားစေနိုင်ပါတယ်။ ဥရောပတိုက်သို့ ဆစ်ဖလစ်ပိုး မည်သို့ ရောက်ရှိခဲ့ကြောင်း မသိရှိကြသော်လည်း ကမ္ဘာသစ်ကို ကိုလိုနီပြုရာမှ ရောက်ရှိ လာခဲ့သည်ဟုသည့် အယူအဆကို အများဆုံး လက်ခံထားကြပါတယ်။ 

ဆစ်ဖလစ်သည် ဥရောပ အလယ်ခေတ်တွင် ပုပ်ရဟန်းမင်း (Papacy) ရဲ့အဖွဲ့ဝင်များစွာကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့ပြီး ၁၅၀၃ ခုနှစ်တွင် ဒုတိယမြောက် ဂျူးလီးယပ်စ်သည် ခြေထောက် တွင် ဆစ်ဖလစ် အနာများပေါက်နေခဲ့သဖြင့် ခရစ်ယာန်ဘာသာဝင်များက သူ၏ခြေထောက်ကို ဦးခိုက်ခြင်း မပြုနိုင်ခဲ့ကြပါဘူး။

ဆစ်ဖလစ်ကို မအောင်နိုင်မီ ပြဒါးကိုသုံးခြင်း အပါအဝင် ကုထုံးများစွာ ဆောင်ရွက်ခဲ့ကြသော်လည်း ရောဂါက ပိုမိုဆိုးရွား လာခြင်းဖြင့်သာ ကြုံတွေ့ခဲ့ကြရကာ ယခုအချိန်တွင်မူ ပင်နယ်ဆလင်က ဆစ်ဖလစ်ကို လုံး၀ အောင်နိုင်ခဲ့ပါတယ်။  

Source : မောင်သာရှေးဟောင်းသုတေသန (အာရောဂျံမဂ္ဂဇင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။