မတ်လ ၂၀ရက် ညပိုင်းက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရှိ မင်ဒိုရိုပြည်နယ်မှာ ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ထိုဘတ်စ်ကားဟာ Sablayan မြို့ ရှိ အဝေးပြေးလမ်းမတစ်ခုရဲ့ ချောက်ထဲကိုပြုတ်ကျခဲ့တာလည်းဖြစ်ပါတယ်။ထိုဖြစ်ရပ်ကြောင့် လူ ၁၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၅ ဦးထိရှိတယ်လို့ အာဏာပိုင်များက ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုဟာ ဒေသစံတော်ချိန် ည ၉း၃၀နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ဘတ်စ်ကားဟာ ထိန်းချုပ်မှုကင်းမဲ့ပြီး တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ Sablayan မြို့သဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေးရုံး အကြီးအကဲ Acris Panillo က ဆိုခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာပဲ ကားဒရိုင်ဘာအပါဝင် လူ ၁၉ သေဆုံးခဲ့တာဖြစ်တယ်လို့ Panillo ကပြောကြားခဲ့ပါတယ်။ဒဏ်ရာရရှိသူများကို အနည်းဆုံး ဒေသတွင်းဆေးရုံ ၃ခုသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေတယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

source - xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။