လူတိုင်းမှာတော့ ကိုယ်နှစ်သက်တဲ့ Idols ဆိုတာ ရှိတတ်ကြတာမို့ နာမည်ကြီးကေပေါ့အဆိုတော်တွေမှာလည်း သူတို့နှစ်သက်သဘောကျတဲ့ သူတွေရှိကြပါတယ်။

ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ ကျော်ကြားတဲ့ Kpop Idol တွေမှာလည်း သူတို့ကြိတ်ကြွေနေတဲ့ ကေပေါ့အဖွဲ့ဝင်တွေရှိနေတယ်ဆိုတာ ပရိသတ်ကြီး သိပြီးကြပြီလား။

တောင်ကိုရီးယားရဲ့ နာမည်ကြီးကေပေါ့မိန်းကလေးအဆိုတော်အဖွဲ့ Twice ဟာ ချစ်စရာကောင်းပြီး သွက်လက်စွာသီဆိုဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကိုဖမ်းစားနေတဲ့ မိန်းမချောလေးတွေဖြစ်ပါတယ်။

သူတို့ကို စိတ်ဝင်စားနေတဲ့သူတွေထဲမှာ Exo အဖွဲ့ဝင်တွေလည်း ပါဝင်နေပါတယ်။

1. BTS Jungkook

BTS အဖွဲ့ဝင် Jungkook ကလည်း Twice အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Nayeon ကို ကြိတ် Crush နေတယ်လို့ သိရပါတယ်။

သူဟာ Nayeon နဲ့ဆုံချိန်မှာ မကြာခဏ ခိုးခိုးကြည့်နေတာကို ပရိသတ်တွေက တထစ်ချ တွေ့ခဲ့တာကြောင့် သူတို့နှစ်ယောက်အမည်ပါတဲ့ Nakook လို့တောင် နာမည်ပြောင်ပေးကြပါတယ်။

2. Lay

EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုယ်တော်ချောလေး Lay ကတော့ Twice အဖွဲ့ဝင် Jihyo ကို သဘောကျနေတာဖြစ်တယ်လို့ Fans တွေက သေချာပေါက်ထင်ကြေးပေးကြပါတယ်။ 

3. SHINee Onew

ဒါ့ပြင် Nayeon ကို နောက်ထပ်သဘောကျနေတယ်လို့ ရုပ်သံအင်တာဗျုးအစီစဉ်တစ်ခုမှာ ထုတ်ဖော်ပြောခဲ့သူကတော့ ShiNee အဖွဲ့ဝင် Onew ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ်မှာ သူ့ကို အစီစဉ်တင်ဆက်သူက မေးလိုက်တဲ့အချိန်မှာတော့ သူသဘောကျတဲ့မိန်းကလေးပုံစံမျိုးက Twice အဖွဲ့ဝင်မိန်းမချောလေး Tzuyu ဖြစ်တယ်လို့ ထပ်ပြီး ပြောလိုက်ပြန်ပါတယ်။

4. Heechul

နောက်ထပ် Twice အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Momo ကို အကြိုက်ဆုံး Idol လို့ သတ်မှတ်ထားသူကတော့ Heechul ပါပဲ။ သဘောကျတယ်ဆိုတာ Idol တစ်ယောက်အနေနဲ့လည်း ကြိုက်တာဖြစ်နိုင်တဲ့အတွက် အသဲတွေမကွဲကြပါနဲ့ဦးနော်။

5. Gong Myung

5urprise အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မင်းသားချော Gong Myung ကတော့ Twice အဖွဲ့ဝင် Jungyeon ကို သဘောကျတယ်လို့ ပြောဖူးပါတယ်။

whathekpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။