၂၀၁၈ခုနှစ်၊ ယခုနှစ်မဟာသင်္ကြန်ပွဲတော်၊များအတွင်းရေဆက်သွယ် ကစားလိုသူများအနေနဲ့ လျှောက်ထားနိုင် ပြီလို့သိရ ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပိုင်ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့် ကန် တော်ကြီး ကန်တို့တွင် ရေကစားများသူများအနေနဲ့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့ ခွင့်ပြုမိန့် ဆက်သွယ်အကြောင်းကြားလျှောက်ထားရမှာပဲ ဖြစ်ပါတယ်။ ယာယီ ရေ ဆက် သွယ်ရန်အတွက် ခွင့်ပြုမိန့်လျှောက်ထားကြရသူများအနေနဲ့ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပြီး လျောက်ထားကြရမှာပဲ ဖြစ်ပါတယ်။ 

ယာယီရေဆက်သွယ်ခွင့် လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ် (ရေ/သန့်)တာဝန်ခံရုံးများနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ၁၂ ထပ်တိုးချဲ့ရုံးသစ် ပဉမထပ် (ဗိုလ်မြတ်ထွန်းလမ်းနှင့် (၄၆) လမ်းကြား ကုန်သည်လမ်းပေါ်)ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရုံးခန်းတွင် အခမဲ့ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ ခွင့်ပြုမိန့် လျှောက်ထားရာမှာတော့ သတ်မှတ်လျှောက်လွှာတွင် မြို့နယ် (ရေ/သန့်) တာဝန်ခံရဲ့ မှတ်ချက်ရယူပြီး တင်ပြလျှောက် ထားရမှာပဲဖြစ်ပါတယ်။ 

ရေဆက်သွယ်ကစားရာမှာလည်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးရှိ အင်ဂျင်နီယာဌာန (ရေနှင့် သန့် ရှင်းမှု) ဝန်ထမ်းများက ရေဆက်သွယ်သူများ လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များနှင့်အညီ ရေကစား မဏ္ဍပ်သို့ ရေဆက်သွယ် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ခွင့်ပြုချက် မရှိဘဲ ကော်မတီပိုင် ရေပိုက် လိုင်းများ၊ အင်းလျားကန်၊ ကန်တော်ကြီးကန်နှင့် အခြားမြေစိုက်ကန်များမှ ရေကို ဆက်သွယ်၍ ရေကစားခြင်း မပြုရန်နှင့် ကော်မတီပိုင် မီးသတ်ပိုက်ခေါင်းများမှ ဆက်သွယ်ပြီး ရေကစားခြင်းလုံးဝ(လုံးဝ)မပြုရန်ကိုလည်း သတိပေး တားမြစ်ထားပါတယ်။တားမြစ်ထားသည်များကို ချိုးဖောက်ပါကလည်း တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - (မြန်မာ့အလင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။