ကမ္ဘာကျော်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ Sonyဟာ ပြီးခဲ့တစ်ပတ်မှာ Xperia XZ2 အတွက် ကြိုတင်အမှာစာတွေကို စတင်လက်ခံခဲ့ပါတယ်။ ထိုဖုန်းတွေကို Amazon ကနေ စတင်ဝယ်ယူနိုင်ပြီး စတာလင်ပေါင် ၆၉၉ ဖြင့်ရောင်းချပေးနေပါတယ်။ Single-SIM Model အတွက် အနက်၊ အပြာနဲ့ ငွေရောင်များထုတ်လုပ်ပေးထားပြီး Dual-SIM Model အတွက် လက်ရှိမှှာ အနက်ရောင်သာ ဝယ်ယူနိုင်ပါသေးတယ်။  

Sony Xperia XZ2 ကို Amazon မှ အီတလီနှင့် ဂျာမနီနိုင်ငံတို့မှာ ရောင်းချပေးနေပြီး တန်ဖိုးအနည်းဆုံးအနေဖြင့် XZ2 ကိုယူရို ၇၉၉ နဲ့ XZ2 Compact ကိုယူရို ၅၉၉ သတ်မှတ်ထားပါတယ်။ နိုင်ငံအလိုက် ဈေးနှုန်းများကွဲပြားနိုင်ပြီး အီတလီမှာ XZ2 ကိုယူရို ၈၁၉ နဲ့ XZ2 Compact ကိုယူရို ၆၁၄ သတ်မှတ် ထားပါတယ်။ယခုအခါမှာတော့ Xperia XZ2 ကို ဗြိတိန်နိုင်ငံမှာ စတင်ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။  

ဒါ့အပြင် Carphone Warehouse နဲ့ Three တို့ကလည်း Sony Xperia Z2 ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး Three က ကြိုတင် မှာယူထားသူများအား PlayStation 4 ဂိမ်းစက်ကိုလက်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ Sony Xperia Z2 အတွက်အမှာစာများကို Carphone Warehouse က ဧပြီလ ၅ ရက်နဲ့ Three က ဧပြီလ ၆ ရက်နေ့မှာပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။