ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ စပါးအသင်းဟာ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။စပါးအသင်းဟာ ခုလာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဇာဟာကို ခေါ်ယူဖို့ ကမ်းလှမ်းသွားမှာလည်းဖြစ်ပါတယ်။ဇာဟာ အတွက် စပါးအသင်းဟာ ပေါင်သန်း ၄၀ အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ဇာဟာကို ခေါ်ယူဖို့ အရင်ကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့ဖူးတာလည်းဖြစ်ပါတယ်။

ဇာဟာ ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံနေရာမှာ ခြေစွမ်းပြကစားနိုင်တာကြောင့် အသင်းအများစုရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။ဇာဟာ ဟာ ပဲလေ့စ်အသင်းနဲ့ စာချူပ်သက်တမ်း ၂၀၂၂ ခုနှစ်အထိ စာချူပ်ချူပ်ဆိုထားတာလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဟာ ဟာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့သူဖြစ်ပြီး တိုက်စစ်မှုးနေရာမှာပါ ကစားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ပုံမှန် နေရာရနေတဲ့ ဇာဟာ ဟာ စပါးအသင်းကို ပြောင်းရွှေ့ခဲ့ရင် နေရာလုတိုက်ပွဲအတွက် ကြိုးစားသွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းကလည်း နောက်ထပ်လူအင်အားဖြည့်တင်းဖို့အတွက် ဇာဟာကို အလိုရှိနေတာဖြစ်ပါတယ်။ဇာဟာ ကို ချဲလ်ဆီးအသင်းကလည်းခေါ်ယူရန် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

source - DAILY MAIL SPORTS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။