မိန်းကလေးအများစု ဈေးဝယ်ထွက်တတ်အခါ မှားတတ်လေ့ ရှိတဲ့ အလှကုန်အမျိုးအစားလို့ ဆိုရင် မမှားပါဘူး။ အခုခေတ်မှာ အသားရေ လှပကြည့်ကောင်းဖို့အတွက် ဒီခရင်မ်တွေကို အသုံးပြုလာကြပါတယ်။ BB ခရင်မ် နဲ့ CC ခရင်မ်တွေမှာ နေရောင်ဒဏ်ကို ကာကွယ်ခြင်း၊ အမည်းစက်တွေကို လျော့ပါးစေခြင်း စတဲ့ anti-oxidant တွေ ပါဝင်ပါတယ်။ တစ်ချို့ကြတော့လည်း BB ခရင်မ် နဲ့ CC ခရင်မ်ကို အတူတူပဲလို့တောင် ထင်တတ်ကြတယ်။ ဒါ့ကြောင့် BB ခရင်မ် နဲ့ CC ခရင်မ်ရဲ့ မတူညီတဲ့ လုပ်ဆောင်မှု ကွဲပြားချက်တွေကို မျှဝေပေးလိုက်ပါတယ်။

BB ခရင်မ် ကို ဘာအတွက် အသုံးပြုလဲ ???

BB ခရင်မ်က အထူးသဖြင့် မျက်နှာပေါ်ရှိ အပြစ်အနာအဆာများကို ဖုံးအုပ်ပေးပါတယ်။ ဒီခရင်မ်က အရေပြားကို တောက်ပချောမွေ့စေပါတယ်။ မျက်နှာပေါ်ရှိ အမည်းစက်တွေ၊ အသားရောင် မညီညာတာတွေနဲ့ ဝက်ခြံ အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့အတွက်ဆိုရင်တော့ BB ခရင်မ်ကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ BB ခရင်မ်မှာ နေရောင်ဒဏ်ကို ကာကွယ်နိုင်စွမ်း ထည့်သွင်းထာတာကြောင့် အခုနောက်ပိုင်း နာမည်ကြီး ခေတ်စားနေသော BB ခရင်မ်တွေမှာ အသားအရေကို ပြုပြင်ပေးရုံသာမက အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ထိန်းညှိပေးပါတယ်။

CC ခရင်မ် ကို ဘာအတွက် အသုံးပြုလဲ ???

CC ခရင်မ်ကတော့ အသားအရေကို ကြည်လင်တောက်ပစေတဲ့ ခရင်မ်တစ်မျိုးပါ။ နွမ်းနယ် အိုမင်းနေတဲ့ အသားအရေဟာ CC ခရင်မ် လိမ်းပေးခြင်းဖြင့် နီမြန်းမှုကို လျော့ကျစေပြီး မက်မွန်သီးရောင်သမ်းပြီး လှပလာပါလိမ့်မယ်။ CC ခရင်မ် ကို BB ခရင်မ်ထက်ပိုပြီး ရင့်ကျက်ကောင်းမွန်တဲ့ ဖော်စပ်မှုများနှင့် ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် CC ခရင်မ်ကလည်း နေရောင်ကာ စွမ်းအားရှိပြီး အရေးအကြောင်းများကို လျော့ကျစေပြီး မျက်နှာအသားအရေ လှပစေပါတယ်။

ဒါလေးတွေကို သိထားမယ်ဆိုရင် သင့်အသားအရေအတွက် ဘယ် ခရင်မ်က ပိုလိုအပ်လဲ ဆိုတာကို သိရှိနိုင်ပါတယ်။ အားလုံးပဲ လှပချောမွေ့သော မျက်နှာပိုင်ရှင်လေးများ ဖြစ်ကြပါစေ

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။