ယနေ့ မတ်လ(၂၁)ရက်နေ့လေးကတော့ Hip Hop အဆိုတော် Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးလေးရဲ့ (၃၃)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

သူ့ရဲ့ မွေးနေ့ရက်လေးမှာ ချစ်သူဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ မွေးနေ့ ည(၁၂)နာရီတိတိမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့ပါတယ်..။

ဖြိုးလေးရဲ့ မွေးနေ့ည(၁၂)နာရီတိတိမှာ သူမချစ်ရတဲ့ ချစ်သူ ဖြိုးလေးအတွက် နာမည်ကြီး Brand အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton တံဆိပ် ဖိနပ်လေးကိုလည်း မွေးနေ့လက်ဆောင်ပေးခဲ့ပါသေးတယ်..။

ချစ်သူသက်တမ်း(၂)နှစ်ကျော်ပြီဖြစ်တဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးလည်း ဖြစ်ပါတယ်..။

ယနေ့မှာ ကျရောက်ခဲ့တဲ့အဆိုတော် ဖြိုးလေးရဲ့ မွေးနေ့လေးမှာ အနီရောင်ဘောလုံးလေးတွေကိုင်ကာ မွေးနေ့ကိတ်လေးကိုခွဲခဲ့ကြပြီး သူရဲ့ အိမ်မှာပဲ မွေးနေ့အမှတ်တရလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းခဲ့ကြတာ တွေ့ရပါတယ်..။

ဖြိုးလေးရဲ့ မွေးနေ့ရက်လေးမှာာ သူငယ်ချင်းဖြစ်တဲ့ ဘန်နီဖြိုးကလည်း သီချင်းတစ်ပုဒ်မွေးနေ့လက်ဆောင် ဆိုပေးခဲ့ပြီး ဖြိုးလေးကိုယ်တိုင်ကလည်း သီချင်းပြန်ဆိုခဲ့ပြီး သူငယ်ချင်းတွေနဲ့လည်း သီချင်းတွေအတူတူ သီဆိုခဲ့ကြပါသေးတယ်..။

Photo - ဖြိုးလေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။