အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ လက်နက်အပြိုင်တတ်ဆင်မှုနှင့် ပက်သက်ပြီး ဆွေးနွေးသွားမယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ သမ္မတပူတင်ကို ဂုဏ်ယူမိကြောင်း တယ်လီဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့ပါတယ်” လို့ ဆိုထားပါတယ်။

“သိပ်မကြာတော့တဲ့အနာဂတ်မှာ ကျနော်တို့နှစ်ယောက်တွေ့ဆုံပြီးတော့ အထိန်းအချုပ်မဲ့နေတဲ့ လက်နက် အပြိုင်အဆိုင်တပ်ဆင်မှုနဲ့ ပက်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ထရမ့်က ဆိုခဲ့ပါတယ်။ 

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုဟာ ကြီးကျယ်လှတဲ့ကိစ္စမဟုတ်ဘူးလို့ ရွေးကောက်ပွဲပြီးပြီးချင်းမှာပဲ ပူတင်က ပြောဆိုခဲ့ဖူးပါတယ်။ ဒီနှစ်မှာ ကျနော်တို့ရဲ့စစ်တပ်အတွက် ကျနော်တို့ ဟာ ဒေါ်လာဘီလျံ ၇၀၀ လောက်သုံးစွဲမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံ အဖြစ် ဆက်လက်တည်ရှိနေဖို့ ငွေအလုံးအရင်းသုံးစွဲရတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ဆက်လက်ပြီး ထရမ့်က “ ကျနော်တို့ဖုန်းထဲမှာ ကောင်းကောင်းမွန်မွန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော် တို့ဟာ ကျနော်တို့လက်ရှိပိုင်ဆိုင်နေတဲ့ စစ်အင်အားလိုမျိုး ဘယ်သူ့ကိုမှအနီးစပ်ဆုံးပိုင်ဆိုင်ခွင့်ပြုချင်မှာ မဟုတ် ပါဘူး။ ကျနော်တို့ဟာ ယူကရိန်း၊ ဆီးရီးယားနဲ့ မြောက်ကိုရီးယားအပါအဝင် အခြားအရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ပြောခဲ့ပါတယ်။ 

“ ခေါင်းဆောင်များဟာ အနာဂတ်မှာ နိုင်ငံတကာအကြမ်းဖက်ကိစ္စတွေနဲ့ မဟာဗျူဟာကျတည်ငြိမ်မှုရှိရေးတို့အပါအဝင် အရေးကိစ္စအများအပြားမှာ အတူတကွ လက်တွေ့ကျကျပူးပေါင်းပြီးတော့ တိုးတက်မှုရှိလာအောင် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ရုရှားဘက်မှာ ပြောထားခဲ့ပါတယ်။ 

source - EFE-EPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။