ဧရာဝတီတိုင်းဒေသကြီး ၊ ဝါးခယ်မမြို့နယ်အတွင်း လိုင်စင်မရှိသေးတဲ့ ထော်လာဂျီယာဉ်များနှင့်မော်တော်ဆိုင် ကယ်များ လိုင်စင်အသစ်များ ပြုလုပ်ပေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။အဆိုပါလိုင်စင်အသစ် ပြုလုပ်ပေး ခြင်း လုပ်ငန်းစဉ်များကိုတော့ ဧရာဝတီတိုင်းတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာ ဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းလုပ်ငန်းစဉ်များကိုတော့မတ် ၂၁ ရက်ဒီနေ့မနက် ကပြုလုပ်ပေးခဲ့တာဖြစ်ကြောင်းတာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဥမ္မာဝင်း က ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွ လုပ်ဆောင်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဝါးခယ်မမြို့ နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ လိုင်စင်မရှိသော ထော်လာဂျီယာဉ်များနှင့် ဆိုင်ကယ်များကို စနစ် တကျ လိုင်စင်အသစ်များ ပြုလုပ်ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း ဒေါ်ဥမ္မာဝင်းကပြောပါတယ်။ 

အဆိုပါ ထော်လာဂျီယာဉ်များနှင့် ဆိုင်ကယ်များကို လိုင်စင်အသစ်ပြုလုပ် ရန်အတွက် မတ် ၂၁ ရက် ဒီနေ့ ညနေအထိ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ နံနက်ပိုင်းတွင် ထော်လာဂျီယာဉ် ၃၀ စီးနှင့် ဆိုင်ကယ် ၁၂ စီးအား လိုင်စင်အသစ်ပြုလုပ်ရန် စာရင်းပေးသွင်းထားရှိပြီး ညနေပိုင်းအထိ ဆက်လက် လုပ် ဆောင်နေတာပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။