နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ကုမ္ပဏီကတော့ သူတို့ရဲ့ပထမဆုံး OLED Display ဖြင့်ပြုလုပ်ထားတဲ့ LG V30 ကို ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ LG G7 မှာ တော့ LCD Screen ပဲ ပြန်သုံးမယ်လို့ သတင်းတွေ ထွက်နေပြီး မေလမှာ စတင်ဖြန့်ချီမယ်လို့ သိရပါတယ်။ 

OLED Display တွေကပိုလည်းပါးပြီးစွမ်းအင်ချွေတာနှုန်းကလည်း မြင့်ပေမယ့်လည်းတခြား LCD Display တွေရဲ့ဈေးနှုန်းထက် ၂ဆ ၃ဆလောက်ပိုများပါတယ်။ဈေးကွက်လေ့လာသူများကစမတ်ဖုန်းရဲ့ တန်ကြေးကိုလျှော့ချချင်တဲ့အတွက် LG ဟာ OLED အစား LCD ကိုအသုံးပြုမယ်လို့ ပြောပါတယ်။ Apple ဟာ iPhone X မှာ OLED Display ကိုအသုံးပြုခဲ့တဲ့အတွက် တန်ဖိုးဟာဒေါ်လာ ၁၀၀၀ ဝန်းကျင် ဖြစ်သွားခဲ့ပါတယ်။ 

LG G7 ဖုန်းမှာ MLCD+ display ကိုသုံးထားမှာဖြစ်ပြီးသာမန် LCD Display တွေထက်တော့၃၅% ပိုပြီးစွမ်းအင်ချွေတာနိုင်မှာပါ။အားသာချက်တစ်ခုကတော့အလင်းပမာဏ Brightness လည်းပိုများတဲ့ Display Type တစ်မျိုးဖြစ်နေခြင်းပါ။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။