နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေတစ်ယောက် သူမရဲ့ချစ်သမီး လေးတွေအပေါ်မှာထားတဲ့ မေတ္တာတရားကို အပြည့်အ၀ပေါ်လွင်စေတဲ့ စာလေးကိုရေး ခဲ့ပါတယ်။ မိဘမေတ္တာဟာတကယ်ကိုကြီးမားလွန်းတယ်ဆိုတာ သူမရဲ့စာစုလေးက သက်သေပြလိုက်တာပါပဲ။ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ်နဲ့ ပရိတ်သတ်တွေက စတင် သိရှိခဲ့ပြီး နောက်ပိုင်းမှာသရုပ်ဆောင်လောကမှာပါ သူမကနာမည်ရလာတာပဲ ဖြစ်ပါ တယ်။ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စဖွယ်သမီးလေးနှစ်ဦးဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ ကိုလည်း အကောင်းမွန်ဆုံးပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။

သူမရဲ့ချစ်စဖွယ်သမီးလေးနှစ်ဦးဟာလည်း ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့် အဝရရှိထားတာဖြစ်ပါတယ်။ သူမရဲ့အသိမိတ်ဆွေတွေက သူမကိုအရင်လိုအနုပညာရှင် အလုပ်တွေကိုမလုပ်တော့ပဲ ကလေးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေကို ဘာကြောင့်လုပ်နေ တာလဲလို့ မေးကြတဲ့အခါ ကလေးတွေရဲ့အာဟာရပြည့်ဝဖို့ ကိုယ်တိုင်လုပ်ပေးရတာကို ပိုသဘောကျနှစ်သက်တယ်လို့ဆိုပါတယ်။ ကလေးနှစ်ယောက်ကိုလည်း ပြုစုပျိုးထောင်ပေး ရင်း ကိုယ်ဝါသနာပါတဲ့အနုပညာအလုပ်တွေလည်း လုပ်ရင်းဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေ တယ်ဆိုပြီး သူမက ပြန်ဖြေထားပါသေးတယ်။ တကယ်ကိုလေးစားဖို့ကောင်းတဲ့ မိခင်မေတ္ တာပါပဲနော်။

ဒီအကြောင်းနဲ့ပက်သက်ပြီး သူမရဲ့ Facebook မှာ " တစ်ချို့ကပြောတယ် လူတကာမလုပ်နိုင် တဲ့ သရုပ်ဆောင်အလုပ်ကို လုပ်နေရမယ့်အစား ကိုယ့်နေရာလူစားထိုးရတဲ့ လူတကာလုပ် တတ်တဲ့ ကလေးထိန်းရတာ, ကလေးထမင်းဟင်းချက်ပြုတ်ပေးရတာ တွေဘာလို့လုပ်နေလဲ တဲ့ စိတ်ကို လျော့ပြီး ရတုန်းရှာ ကလေးရှေ့ရေးအတွက်တဲ့ ချစ်လို့စေတနာတွေနဲ့ပြောကြ တာပေါ့..he he ကိုယ်ကတော့ သိပါဘူး..သူတို့လေးတွေအာဟာရ ပြည့်စုံဖို့ကို ကိုယ့်လက်နဲ့ ချက်မှကျေနပ်တော့..တတ်နိုင်ဘူး..လူတကာလုပ်နိုင်တဲ့ အရာတွေလုပ်ရင်းဂုဏ်တွေ ယူမဆုံးStay-at-home mom မယ် working mom မယ်..."ဟိုမကျ ဒီမကျ ကိုယ့်ဘဝပေါ့ ကွယ်" Working momဆိုတာက အီချကိုက သီချင်းတွေဆို ကြော်ငြာတွေရိုက်သေးတော့ he he.. ညည်းတို့လေးတွေကြီးလို့ အမေကိုအချစ်ဆုံးမဟုတ်လို့ကတော့တွာာာာ " ဆိုပြီးတင် ထားတာဖြစ်ပါတယ်။ လေးစားဖို့ကောင်းတဲ့ မိခင်တစ်ယောက်ရဲ့မေတ္တာကို အပြည့်အဝပေါ် လွင်လွန်းပါတယ် ပရိတ်သတ်ကြီးရေ။

Photo - Chit Thu Wai's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။