မော်လ်ဒယ်အလှမယ် မင်းသမီးချောလေး ထားထက်ထက်ကတော့ သိပ်မကြာခင်မှာ မင်္ဂလာဆောင်တော့မယ်လို့ ဆိုလာပါတယ်..။

အဲ့ဒီအကြောင်းလေးကိုတော့ မင်းသမီးချောလေး ထားထက်ထက်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိသတ်တွေကို အသိပေးမျှဝေထားတာ ဖြစ်ပါတယ်..။

“သိပ်မကြာတော့တဲ့ အချိန်မှာ မင်္ဂလာဆောင်တော့မယ်ဆိုတာ အသိပေးချင်တယ်..” ဆိုပြီး သတို့သမီးဝတ်စုံလေးနဲ့ သူမရဲ့ပုံလေးတွေကို တင်ပြီး ရေးသားထားတာပါ..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ အနုပညာရှင် ညီအစ်မတွေဖြစ်ကြတဲ့ အိချောပို၊ ခင်ဝင့်ဝါ၊ နန်းခင်ဇေယျာနဲ့ အေးချမ်းမိုးတို့ကလည်း Comment တွေမှာ ဝင်ပြီး စနောက်ထားကြတာလည်း တွေ့ရပါတယ်..။

Miss Grand Myanmar 2013 ရဲ့ အလှမယ်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ထားထက်ထက်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို ပရဟိတလုပ်ငန်းတွေမှာ အားတတ်တရော ပါဝင်လုပ်ဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေသလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အလှမယ် မင်းသမီးချောလေး တစ်ဦးလည်း ဖြစ်ပါတယ်..။

Photo - ထားထက်ထက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။