နာမည်ကျော်များဖြစ်ကြတဲ့ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုန်ရွှေရည် တို့လေးယောက် အတူ Reflection ရုပ်ရှင်ဇာတ်ကား Page မှာ Live လွှင့်ခဲ့ကြပြီး ပရိတ် သတ်တွေနဲ့ ပျော်ပျော်ပါးပါး စကားအပြန်အလှန်ပြောကြတာပဲဖြစ်ပါတယ်။ ပက်ထရစ်ရှာ တစ်ယောက်ကတော့ ဘန်ကောက် ရောက် နေတာမို့ Live မှာ မပါဝင်နိုင်ခဲ့ပါဘူး။ Makeup မေဦးနဲ့ Makeup အငယ်လေးတို့ကလည်း ပါဝင်ခဲ့ကြပါတယ်။ အမိုက်စားဇာတ်ကားတစ်ကား ကို ပုံဖော်ခဲ့တဲ့ သူမတို့လေးယောက်ရဲ့ ကြိုးပမ်း မှုတွေဟာ နှစ်ဆန်းတစ်ရက်ေ်န့မှာတော့ ပရိတ်သတ်ရှေ့ကိုရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ Trailer ဟာလည်း ပရိတ်သတ်တွေကြားမှာ ရေပန်းစားလွန်းခဲ့ပါတယ်။ မင်းသမီး လေးယောက်လုံးရဲ့ အမိုက်စား Fashion တွေနဲ့ Action တွေက ပရိတ်သတ်တွေကို အပြည့်အ၀ ဖမ်းစားနိုင်လွန်းခဲ့ပါတယ်။ သူမတို့ဟာ ဟော့ပေါ့စားနေရင်း Live လွှင့်ခဲ့တာ ဖြစ်ပြီး စားသောက် နေရင်း Live လွှင့်တာကြောင့် ပရိတ်သတ်တွေကို မလေးစားသလိုဖြစ် မှာဆိုးတယ်ဆိုပြီး နောက်တစ် ခါ Live လွှင့်ပြီး ပျော်ပျော်ပါးပါးစကားပြောခဲ့ကြတာပဲဖြစ်ပါ တယ်။ ဒီဇာတ်ကားကို အိန္ဒြာကျော်ဇင်ရဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူး တာပဲဖြစ်ပါတယ်။

သူမတို့ရဲ့ Live လွှင့်နေစဉ် ရယ်မောပျော်ရွှင်နေတဲ့ပုံရိပ်တွေကို ရွှေကစ်က သူမရဲ့ Facebook မှာ " ဒီနေ့ live လေးဘယ်သူမှီကြလဲ .. နာမည်ခေါ်ပေးတယ်နော် " ဆိုပြီးတင် ထားတာဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး အဖြူစင်ဆုံး ပျော်ရွှင်နေကြတဲ့ သူမတို့ရဲ့ပုံရိပ် လေးတွေက တကယ်ကိုကြည်နူး စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ Live ကို မမှီလိုက်တဲ့ ပရိတ်သတ်ကြီးအတွက် Live ထဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါ တယ်နော်။

Photo - Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။