နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မိစန္ဒီတစ်ယောက် ဒီဇိုင်နာမပုံ့ချုပ်ပေးတဲ့ အနက် ရောင်ဝတ်စုံ လေးနဲ့ အလှကြီးလှလွန်းနေပါတယ်။ သူမဟာ ဘန်ကောက်မှာကျင်းပ ပြုလုပ်တဲ့ Joox Thailand Award 2018 ပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ မိစန္ဒီနဲ့အတူ Big Bag Band၊ အမွန်း၊ အားတီ စတဲ့ အဆိုတော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ထိုင်း ကနာမည်ကြီးအဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေ မှုတွေနဲ့ Performance တွေကို လေ့လာခွင့် ရတဲ့အတွက်ကြောင့် ဖိတ်ကြားခြင်း ကိုလည်း ကျေးဇူးတင်ကြောင်း သူမကဆိုပါတယ်။

အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်နဲ့ ဂီတလောကမှာ ရပ်တည်နေတာ အချိန်အတိုင်း အတာ တစ်ခုထိကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ သီချင်းခွေတွေလည်း ထွက်ရှိထားပြီး ပရိတ်သတ် တွေကလည်း အပြည့်အဝအားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပြည့်ပြည့်၀၀ ခန္ဓာကိုယ်လေးကြောင့် ပရိတ်သတ်တွေရဲ့ အသည်းကျော် Piggy လေးတစ်ယောက်ဖြစ်လို့ နေပါတယ်။ ဒီနေ့မှာလည်း သူမရဲ့အနက်ရောင်ပိတ်စပေါ်မှာ ပန်းပွင့်လေခြယ်ထားတဲ့ ပုံစံ ဒီဇိုင်းအင်္ကျ ီလေးက တကယ်ကို လှပတင့်တယ်လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။

သူမရဲ့ပွဲတက်ပုံရိပ်တွေကို " ဒီနေ့အတွက်တော့ မိန်းမနည်းနည်းဆန်ခဲ့တယ်ပေါ့နော်.. ဒီနေ့ည မိစန္ဒီရယ်.. ကိုကျားပေါက်တို့ Big Bag Band ရယ်.. အမွန်းရယ်...ကိုအားတီရယ် ဘန် ကောက်မှာ လုပ်တဲ့ ဂီတဆုပေးပွဲတစ်ခုဖြစ်တဲ့ Joox Thailand Awards 2018 ပွဲလေးကို တက်ရောက်ဖြစ်ခဲ့ပါ တယ်... အတွေ့အကြုံအသစ်လေးတွေနဲ့ ပျော်စရာကောင်းတဲ့ပွဲလေးပါ... ထိုင်းထိပ်တန်း အဆိုတော် artists တွေရဲ့ performance တွေ fashion တွေ Music တွေ လည်း အနီးကပ်လေ့လာခွင့်ရခဲ့ပါ တယ်.. အခုလို ဖိတ်ကြားခံရခြင်းအတွက်လည်း အရမ်းဝမ်း သာမိပါတယ် " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ မိစန္ဒီရဲ့ အမိုက်စားပွဲတက်ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Mi Sandi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။