နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်တစ်ယောက် သူမပါဝင် သရုပ်ဆောင် တဲ့ Reflection (ရောင်ပြန်) ဆိုတဲ့ဇာတ်ကားဟာလည်း Trailer နဲ့တင် ပရိတ် သတ် တွေကြားမှာ အတော်လေးကိုရေပန်းစားလွန်းနေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး မကြာခင်မှာ ပရိတ်သတ်တွေရှေ့ကို ရောက်လာတော့မှာ ဖြစ် ပါတယ်။ သူမဟာ နာမည်ကျော် တစ်ဦး ဖြစ်ပေမယ့် Live တစ်ခါမှမလွှင့်ဖူးတာကြောင့် Live လွှင့်တဲ့အတွေ့အကြုံကိုလည်း မသိဘူး လို့ ဆိုပါတယ်။ ဒါလေးကလည်း သူမရဲ့ချစ်စရာ ကောင်းတဲ့အချက်လေးတစ်ချက်ပေါ့နော်။

ဒီနေ့မှာတော့ Reflection အဖွဲ့သားတွေဖြစ်တဲ့ ဒါရိုက်တာလူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာ ကျော်ဇင်နဲ့ ဝတ်မှုန်ရွှေရည်တို့ လေးယောက်သား Reflection Page ကနေ ပရိတ်သတ် တွေနဲ့ Live လွှင့်ပြီး စကားအပြန်အလှန်ပြောခဲ့ကြပါတယ်။ နောက်ထပ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပက်ထရစ်ရှာကတော့ ဘန်ကောက်မြို့ကိုရောက်နေတာဖြစ်လို့ Live ထဲမှာ မပါဝင်ခဲ့ပါဘူး။ မခိုင်ဟာ သူမရဲ့ပထမဆုံး Live အတွေ့အကြုံဖြစ်တာမို့ သူမရဲ့ပရိတ်သတ်တွေ ကို နာမည်မခေါ်ပေးလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်တယ်လို့ဆိုပါတယ်။

ဒီအကြောင်းကို သူမရဲ့ Facebook မှာ " Live လွှင့်ရင်း ဖုန်း ကိုင်ပြီး ကိုယ်တိုင် မကြည့်မိ တော့ ... ကျမ fan တွေကို နှုတ်မဆက်လိုက်မိဘူး ... အသဲကွဲ ပြီလေ ... SORRY !!! အတွေ့အကြုံမရှိလို့ပါနော် ... " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ သူမရဲ့ပရိတ်သတ်တွေက လည်း အမြဲတမ်းဝန်းရံပြီး ချစ်ခင်နေမယ်ဆိုပြီး Comment တွေပေးခဲ့ကြပါတယ်။ အစိမ်းနု ရောင်အင်္ကျ ီလေးနဲ့ အလှကြီးလှနေတဲ့ မခိုင်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Mi Mi Khine's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။