နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) (ခ) မြသုတတစ် ယောက် သူမရဲ့ ပရိတ်သတ်တွေကို Status လေးတစ်ကြောင်းနဲ့ နောက်လိုက်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သူမရဲ့အိမ်ထောင်ရေးနဲ့ပက်သက်ပြီး စိတ်ပူပေးကြတဲ့ ပရိတ်သတ်တွေကို စိတ်မပူ ကြဖို့အတွက် သူမက Status တင်ပြီး ရှင်းပြခဲ့ပါသေးတယ်။ ဟာသ Video လေးတွေ ရိုက် ကူးပြီးတဲ့ သူမကို ချစ်ခင်အားပေးသူတွေဟာ ယခင်ကထက်ပိုမိုများပြားလာပြီး ပရိတ်သတ် တွေချစ်တဲ့ အလှဖန်တီးရှင် တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေတာပဲဖြစ်ပါ တယ်။

သူမရဲ့ခင်ပွန်းဟာဆိုရင်လည်း ဒီဇိုင်နာသင်တန်းဖွင့်လှစ်ထားပြီး အင်္ကျ ီဒီဇိုင်းအဆန်း အလှလေးတွေ ကို ဖန်တီးချုပ်လုပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမတို့နှစ်ဦးရဲ့ အချစ် ရေးဟာ လက်ရှိချိန်ထိ အဆင်ပြေပြေဖြတ်သန်းနေတာဖြစ်ပြီး အိမ်ထောင်သက်တမ်းဟာ လည်း နှစ်နှစ်ကျော် ကာလကို တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ယခင်က သူမတို့ဇနီးမောင်နှံ နှစ်ဦးရဲ့ပုံရိပ်တွေကို အမြဲလိုလိုတင်တတ်ပေမယ့် အခုနောက်ပိုင်းမှာပေါ့ နှစ်ယောက်တွဲ ပုံရိပ်တွေကို အရင်လိုမတွေ့ရတော့တာမို့ သူမတို့နှစ်ဦး ကတောက်ကဆဖြစ်ကြတယ်လို့ ပရိတ်သတ်တွေကယူဆကပြီး စိတ်ပူကာမေးမြန်းကြတာ ဖြစ်ပါတယ်။

သုသုက သူမရဲ့ Facebook မှာ " ကျွန်မကို 15မိနစ် လုပ်ချင်တာလုပ်ခွင့်ရမယ်ဆို သင်ဘာ လုပ်မှာလဲ ?? " ဆိုပြီး ခပ်နောက်နောက်စာလေးကိုတင်ထားတာဖြစ်ပါတယ်။ သူမရဲ့ပရိတ် သတ်တွေကလည်း ပြန်လည်စနောက်ခဲ့ပြီး ပျော်ရွှင်စရာလေးတွေကို အပြန်အလှန်ဝေမျှ ခဲ့တာဖြစ်ပါတယ်။ ဟာသ Video လေးတွေနဲ့ ပရိတ်သတ်တွေရဲ့အပျော်တွေကိုဖန်တီးပေး တတ်တဲ့ ညီညီမောင်တစ်ယောက် ဒီတစ်ခေါက်မှာလည်း အသည်းယားအောင် နောက် လိုက်ပြန်ပါပြီ။

Photo - Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။