ခိုင်နှင်းဝေဆိုရင်တော့ ပရဟိတမိခင်ကြီးတစ်ယောက်ဆိုတာ ပရိသတ်အားလုံးလည်း သိထားကြမှာပါ ။သူမကတော့ အနုပညာသက်တမ်းမှာ အောင်မြင်ကျော်ကြားမှုကို ရေရှည် ထိန်းထားနိုင်တဲ့ ဝါရင့်မင်းသမီးတစ်ယောက်လို့လဲ ဆိုနိုင်ပါတယ် ။

မတ်လ ၁၉ ရက်နေ့ကစတင်ပြီး သူမကတော့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားများအတွက် ဖျော်ဖြေဖို့ စတင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်သွားရောက်ဖျော်ဖြေတာမို့ ကြောက်သလို စိုးရိမ်သလို ရှိခဲ့ပေမယ့် တကယ်တမ်း သီဆိုဖျော်ဖြေတဲ့အခါမှာတော့ သူတို့အပျော်တွေကူးစက်ပြီး နွေးထွေးမှုနဲ့ ချစ်ခင်မှုတွေကို ခံစားရပါတယ်လို့ ဆိုပါတယ် ။

ထိုင်းနိုင်ငံက မြန်မာပရိသတ်များက ရင်းနှီးချစ်ခင်စွာ ကြိုဆိုပေးတာကြောင့် သူမတစ် ယောက် တော့ အပျော်ကြီးပျော်ကာ သူတို့ပျော်ရွှင်နေတာကြည်ရုံနဲ့ ပီတိတွေ ဝေဖြာနေ သူတစ်ယောက်ပါ ။

ဒီနေ့တော့ သူမက ထိုင်းနိုင်ငံကမြန်မာအလုပ်သမားများကို နှုတ်ဆက်ပြီး ရန်ကုန်ကို ပြန်လာပြီ လို့ ဆိုပါတယ်။

ကားရိုက်များနဲ့ ဇာတ်လမ်းတွဲတွေမှာ မကြာခဏဆိုသလို မြင်တွေ့နေရတဲ့သူမက ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားနေသလို တက်သစ်စလူငယ်ကလေးများကိုလည်း လက်တွဲခေါ် ယူကာ အတွေ့အကြုံများကို မျှဝေပေးတက်တဲ့ စိတ်ထားပြည့်ဝတဲ့ မင်းသမီးချောလေး တစ်ယောက်ပဲ ဖြစ်ပါတယ် ။

Soure – Khine Hnin Wai FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။