ပရိတ်သတ်တွေအားပေးချစ်ခင်ကြတဲ့ မင်းသမီးလေးဆုပန်ထွာကတော့ပြင်ဦးလွင်မှာ အပန်းဖြေဖို့ရောက်ရှိနေရင်း မပြန်ခင်အချိန်လေးမှာတော့ သားသားလေးနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။ချစ်စရာသားအမိနှစ်ယောက်ပုံစံလေးတွေက စိတ်နှလုံးကိုရွှင်လန်းစေပြီး ကြည်နူးစရာကောင်းလှပါတယ်။

ဆုပန်ထွာတို့ဇနီးမောင်နှံကတော့ မကြာသေးမီရက်ပိုင်းလေးအတွင်းမှာမှ မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်ထားတာပဲဖြစ်ပါတယ်။မင်္ဂလာသက်တမ်းသုံးနှစ်ပြည့်နေ့လေးကိုတော့ ပြင်ဦးလွင်မှာပဲ မိသားစုအတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပြီး ထိုနေ့လေးကတော့ သူမတို့မိသားစုလေးအတွက်ကြည်နုးစရာနေ့ရက်လေးတစ်ရက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ 

အခုမြင်တွေ့နေရတဲ့ပုံရိပ်လေးတွေဟာဆိုရင်လည်း မပြန်ခင်အချိန်လေးမှာ သားအမိနှစ်ယောက်အမိအရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးရော ဆုပန်ထွာတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ကြည့်ပြီး အားမကြကျဘူးလား။ 

source - Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။