ချစ်စရာကောင်းတဲ့ သားသားလေးပိုင်ဆိုင်ထားတဲ့ မင်းသမီးချော သင်ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက်မှာ အနုပညာအလုပ်တွေရပ်နားထားတာဖြစ်ပါတယ်။

မိခင်ဘဝရောက်ရှိပေမယ့်လည်း ပရိသတ်အားပေးမှုတွေရရှိနေသေးတဲ့ သင်ဇာရဲ့ လျို့ဝှက်ချက်ကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ သားဦးလေးကြောင့်လို့ပဲ ဆိုရမှာပါ။

သူမရဲ့ သားဦးလေးကို မက်မွန်သီးလေးလို့ ချစ်စနိုးနာမည်ပေးထားပြီး သားလေးဟာ အဖေတူအမေတူ သားလေးမို့ အရမ်းချစ်စရာကောင်းနေပါတယ်။

မြင်သူတိုင်းချစ်နေရတဲ့ မက်မွန်သီးလေးရဲ့ ဗီဒီယိုတစ်ခုကို သင်ဇာဟာ လွန်ခဲ့တဲ့ (၂)ရက်ကျော်က သူမရဲ့ဖေ့ဘုတ်စ်မှာ တင်ခဲ့ရာ ကြည့်ရှုသူပရိသတ် (၉)သောင်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

အနုပညာရှင်အချင်းချင်းရဲ့ အချစ်တွေသာမက ပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းကြုံးရယူထားတဲ့ သားသားလေးဟာ ၀၀ကစ်ကစ်နဲ့ တစ်မျိုးလေး အသဲယားစရာကောင်းလှပါတယ်။

သင်ဇာဟာ အနုပညာလောကမှာ ဇာတ်ကားတွေတော်တော်များများရိုက်ကူးခဲ့တဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တာမို့ ပရိသတ်အခိုင်အမာရရှိထားပါတယ်။

ခင်ပွန်းကောင်းရဲ့ အလိုလိုက်ချစ်ခင်မှုတွေရရှိထားတဲ့ သူမဟာ စိတ်ချမ်းသာစရာအိမ်ထောင်ရေးကြောင့် သားလေးမွေးပြီးနောက်မှာ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကိုပါ ဖြတ်သန်းနေပြီဖြစ်ပါတယ်။

သင်ဇာရဲ့ သားလေးကိုချစ်တဲ့သူတွေရှိလား ။ 

Source :Thinzarnwewin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။