အက်သလက်တီကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂရဇ်စမန်းဟာ ကမ္ဘာ့ဖလားမတိုင်ခင်အချိန်မှာ သူ့အနာဂတ်အတွက်ဆုံးဖြတ်ချက်ချသွားမယ်လို့ ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ဂရဇ်စမန်းဟာ အက်သလက်တီကိုအသင်းကနေထွက်ခွာဖို့ရှိနေတာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အသင်းကြီးအများစုက စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ခေါ်ယူမယ့်အသင်းတွေထဲမှာ ဘာစီလိုနာအသင်းနဲ့ မန်ယူအသင်းတို့ ပါဝင်နေခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ မန်ယူအသင်းတို့ဟာ ဂရဇ်စမန်းကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ဂရဇ်စမန်းဟာ သူ့အနာဂတ်အတွက် ဘာစီလိုနာနဲ့ မန်ယူအသင်း ထဲက တစ်သင်းကို ရွေးချယ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဒါမှမဟုတ် အက်သလက်တီကို အသင်းမှာပဲ ဆက်လက်ရှိနေသွားမှာလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

ဂရဇ်စမန်းဟာ လက်ရှိမှာ ပြင်သစ်အသင်းနဲ့ အတူပူပေါင်းကာ လေ့ကျင်းခန်းဆင်းနေတာလည်းဖြစ်ပါတယ်။နိုင်ငံတကာခြေစမ်းပွဲအဖြစ် ပြင်သစ်အသင်းဟာ ကိုလံဘီယာအသင်းနဲ့ ကစားသွားရမှာလည်းဖြစ်ပါတယ်။ဂရဇ်စမန်းဟာ မနေ့ကသူ့ရဲ့မွေးနေ့ကို ပြင်သစ်အသင်းဖော်ကစားသမားတွေနဲ့ ပျော်ပျော်ပါးပါးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

source - bleacher report football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။