ယနေ့ခေတ်မှာတော့ နညးပညာတွေ တိုးတက်လာတဲ့အပြင် သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ နည်းပညာပစ္စည်း လန်းလန်းလေးတွေလည်း ထွက်ပေါ် လျက်ရှိပါတယ်။ ဒီလိုထဲမှာမှ ဝိုင်သောက်ရတာကို နှစ်ခြိုက်တဲ့ သူတွေအတွက် ဖန်ခွက်ထဲရေထည့်လိုက်ရုံနဲ့ ဝိုင်အဖြစ်ကလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ ဖန်ခွက်လေးတစ်ခုအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ 

ဒီဖန်ခွက်ကလေးရဲ့ အထဲကဖန်သားထဲမှာ 3D နည်းပညာထည့်သွင်းထားပြီး အီလက်ထရောနစ် ထိန်းချုပ်ရေးမော်ဂျူး တစ်လုံး၊ အနံ့လှောင်ကန်ငယ်သုံးခု၊ အလွန်သေးငယ်သော လေမှုတ်စက်သုံးလုံးကို တပ်ဆင်ထားပါတယ်။ အသုံးပြုပုံကတော့ ဒီဖန်ခွက်လေးထဲကို ရေထည့်လိုက်ချိန်မှာဖန်သားပြင်ကနေ ဝိုင်ရဲ့အရောင်ကို ဖော်ပြပေးမှာ ဖြစ်ပြီး အီလက်ထရောနစ်စနစ်ကနေ အရက်ရဲ့ အရသာကို ခံစားနိုင်အောင်ပြုလုပ်ပေးမှာ ပဲ ဖြစ်ပါတယ်။ 

သို့သော်လည်း ဒီဖန်ခွက်ကလေးကို ဝိုင်အရက်ရဲ့ အရသာကို ဖန်တီးပေးရုံသက်သက်သာ ဖြစ်ပြီး မည်မျှပင်သောက်သောက် ရေသောက်သလို ဖြစ်နေမှာ ပဲ ဖြစ်ပါတယ်။ တစ်ကယ့် ဝိုင်အရက်အစစ်မဟုတ်တဲ့ အတွက်ကြောင့် မမူးတဲ့အပြင် အရက်နှင့်မတည့်သူများအတွက် အရက်ရဲက အရသာကို မြည်းစမ်းနိုင်ဖို့ အတွက် အထူးသင့်တော်တဲ့ ဖန်ခွက်ကလေးပဲ ဖြစ်ပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။