လူတစ်ယောက်ဟာ တသက်မှာတခါလောက်တော့ တစ်ယောက်တည်းခရီးထွက် သင့်တယ် လို့ ဆိုပါတယ် ။

ခရီးထွက်တာဟာ တစ်နှစ်ပတ်လုံးမောပန်းမှုတွေကို ပြေပျောက်စေပြီး ရင်ခုန်စိတ်လှုပ် ရှားမှုတွေကို ရရှိစေတဲ့အပြင် နောက်ထပ်အားအင် အသစ်တွေကို မွေးဖွားပေးပါတယ်။

မကြာခင်မှာ ပိတ်ရက်ရှည်တွေလည်း ရောက်ရှိလာတော့မှာဆိုတော့ ဒီအကြောင်းအရာ လေးက အထောက်အပံ့တစ်ခု ဖြစ်စေမှာပါ ။

(၁) ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်ကိုဖြစ်ပေါ်စေတယ် ။

မတူညီတဲ့ နေရာဒေသတစ်ခုကိုသွားရောက်တဲ့အခါ အနည်းနဲ့အများဆိုသလို အခက်အခဲ တွေ ကတော့ ရှိစမြဲပါ။ တစ်ယောက်တည်းသွားတဲ့အခါ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ် ဖြစ်ပေါ်စေပါတယ် ။

(၂) ခရီးထွက်တယ်ဆိုတဲ့ ခံစားမှုကိုအပြည့်အဝရစေတယ် ။

လူအများနဲ့ခရီးထွက်တဲ့အခါ ကိုယ်နဲ့ အကြိုက်မတူတာတွေ အဆင်မပြေတာတွေ ရှိလာနိုင် ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းဆိုရင်တော့ လွတ်လပ်တဲ့ခရီးထွက်တဲ့အရသာကို အပြည့်အဝရရှိစေမှာပါ ။

(၃) စိန်ခေါ်မှုအသစ်တွေကို ရရှိစေတယ် ။

တစ်ယောက်တည်းထွက်လာတာမို့ ကိုယ်မလုပ်ရင်မဖြစ်ဘူးဆိုတဲ့ စိတ်ကြောင့် စိန်ခေါ်မှုဆို တာတွေ သင်လက်ခံမိမှာပါ ။

(၄) သူငယ်ချင်းအသစ်တွေရရှိစေတယ် ။

နေရတိုင်းမှာ ခရီးသွားဖော်တွေဆိုတာ ရှိစမြဲပါ။ သူတို့နဲ့အတူ နေရာဒေသသစ်တွေအ ကြောင်းနဲ့ အတွေ့အကြုံတွေ နှီးနှောဖလှယ်ပြီး မိတ်ဖွဲ့နိုင်ပါသေးတယ် ။

(၅) ဘဝရဲ့မမေ့နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်စေတယ် ။

သင်ဟာနောင်တစ်ချိန်မှာ ဒီလိုတစ်ယောက်တည်း ခရီးထွက်ရမယ်ဆိုတာ မသေချာ တော့ပါဘူး ။ အသက်အရွယ်ကြောင့်ပဲ ဖြစ်ဖြစ် အချိန်အခါကြောင့်ပဲ အခွင့်အရေးမရှိခဲ့ရင် ဒီနေရာ ဒီဒေသကို ငါတစ်ယောက်တည်း သွားခဲ့တယ်ဆိုတဲ့ အမှတ်တရက တွေးလိုက် တိုင်းစိတ်လှုပ်ရှားစေမှာပါ ။

ကဲ…ဒါဆိုရင် မကြာခင်မှာပိတ်ရက်ရှည်တွေလဲ ရောက်လာတော့မှာမို့ တစ်ခါလောက် ခရီးထွက်ကြည့်ဖို့ မမေ့ပါနဲ့နော် ။

Source – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။