ချဲလ်ဆီးအသင်းနဲ့ အိုင်ဗရီကို့စ်အသင်းရဲ့ ကစားသမားဟောင်း ဒီဒီယာဒရော့ဘာဟာ နေမာကို ဘလွန်းဒီအောဆု ရရှိနိုင်တယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒရော့ဘာဟာ " နေမာဟာ PSG အသင်းမှာပဲ ဘလွန်းဒီအောဆုရရှိနိုင်တဲ့ အရည်အသွေးတွေရှိနေပါတယ်လို့ " ပြောခဲ့တာလည်းဖြစ်ပါတယ်။နေမာ ဟာ အထွန်းတောက်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ 

နေမာဟာ PSG အသင်းကို ယခုနှစ်ရာသီအစက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး PSG အသင်းမှာ မပျော်မရွင်ဖြစ်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့် စပိန်ကို ပြန်မယ်ကို သတင်းတွေထွက်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့စောင့်ကြည့်နေတာဖြစ်ပါတယ်။

နေမာဟာ PSG အသင်းနဲ့ ပြင်သစ်လိဂ်ဂူးပြိုင်ပွဲမှာ ၁၉ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး PSG အသင်းကို ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားနိုင်တာလည်းဖြစ်ပါတယ်။နေမာဟာ ခြေစွမ်ကောင်းတွေရှိနေပေမယ့် မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ နောက်မှသာ ရှိနေတာကြောင့် ဘလွန်ဒီအောဆုအတွက် ဆုဖလားများစွာရရှိဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

source - bleacher report football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။