ဂျူးမြစ်ကို ရှမ်းပြည်နယ် ဘက်မှာစိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ဂျူးမြစ်ဟာ ကျန်းမာရေးအတွက် လည်းအသုံး ဝင်နေပါတယ်။ ဂျူးမြစ်ကို နေ့စဉ်ပုံ မှန်စားသုံးလို့ရှိရင် သွေးဖိအားကိုပုံမှန်အလုပ်လုပ်စေပါတယ်။ သွေးဖိအားကောင်းလို့ နှလုံးသွေးကြောကို လည်းကောင်းမွန်စေပါတယ်။ နောက်င်္ပြီးတော့ အိုးမင်းရင့် ရော်ခြင်း၊ အသက်ကြီးလို့ အယ်ဇိုင်းမာဝေဒနာ ခံစားရခြင်းအတွက် အထောက်ကူပြုတဲ့ ဂျူးမြစ်ကိုနေ့စဉ် စားသင့်ပါတယ်။ 

နောက်ထပ်ရရှိတဲ့ အကျိုးကျေးဇူး တွေကတော့ ဘက်တီးရီယားကိုကာကွယ်ခြင်း၊ မှိုပိုး ကြောင့် ဖြစ်တတ်တဲ့ ဝေဒနာများ၊ အရိုးပါးရောဂါများ၊ အဆုတ်နှင့် အူလမ်းကြောင်း အစာအိမ်ဝေဒနာ၊ ကင်ဆာဝေဒနာတွေကို ကာကွယ်နိုင်ပါတယ်။အာဟာရဓာတ်များစွာပါဝင်တာဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ၊ပရိုတိန်း၊အဆီ ဓာတ်၊ကိုလက်စထရော၊ အမျှင်ဓာတ်များစွာပါရှိပါတယ်နော်။ 

နောက်ထပ်ဓာတ်တွေကတော့ ဗီတာမင်၊ ဖောလစ်အက်ဆစ်၊ နိုင်ယာစင်၊ ဗီတာမင်အေ၊ သိုင်ယာမင်း၊ ဗီတာမင်အီး တို့လည်းပါဝင်သေးတယ်။ သတ္တူ ဓာတ်တွေအနေနဲ့ ကယ်ဆီယမ်၊ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ တို့ပါဝင်ပါတယ်။ ကင်ဆာအတွက်လည်း ကယ်ရိုတင်း၊ ကရိုင်တိုဇန်သင်၊ လူတိန်း၊ဇီဇန်သင် တို့ပါဝင်ပါတယ်။ဂျူးမြစ်ကို ဟင်ချိုအဖြစ် သောက်သုံးလည်းအဆင်ပြေပါတယ်။ ဂျူးမြစ်ရဲ့ ကောင်းကျိုးတွေ ကိုသိပြီးမို့ အားလုံးကိုနူတ်ဆက်ပါတယ်။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။