ကွမ်းရွက်ဟာ မြန်မာနိုင်ငံမှာတော့ တော်တော်ဈေးကွက်ဖြစ်ထွန်းပါတယ်။ ဟိုအရင်တုန်းကတော့ ကွမ်း မှာ ပါဝင်တဲ့ ပစ္စည်းတွေက ထုံးရယ်ကွမ်းသီးရယ် ဒါပါပဲ ။ခုတ်ခေတ်မှာတော့ အစုံပါပဲ ဒါကြောင့် ရောဂါဆန်း တွေလည်း ဖြစ်နေတာပေါ့။ ကွမ်းရွက်ရဲ့အသုံးဝင်ပုံတွေ အနက် တစ်ခုကတော့ ညအိပ်ခါနီးတိုင်း မျက်စီ အစွန်းနှစ်ဖက်ကို ကပ်ပေးပါက မျက်စိမှုန်ခြင်းတို့ကင်းဝေးစေ နိုင်ပါတယ်နော်။ မကပ်ခင်မှာကွမ်းရွက်ကို သွားဖြင့်အနည်းငယ်ကိုက်ပေးပါ ။ပြီးတော့ မျက်လုံးတစ်ဝိုက်ကပ် ပေးခြင်းက မျက်စိအားနည်းခြင်းကိုလည်း ကောင်းမွန်စေပါတယ်။ 

နောက်တစ်နည်းကတော့ နားထင်၊ မျက်ခုံးရိုး တွင်ကပ်ပေးပါကလည်း ခေါင်းကိုက်ခြင်း၊ ဇက်ကြော တက်ခြင်းတို့ ကိုသက်သာစေနိုင်ပါတယ်။ ကွမ်းရွက်ရည်ကို ဆားအနည်းငယ်နဲ့ မျက်စဉ်းခပ်ပေး ပါကလည်း မျက်စိနာဝေဒနာကိုသက်သာစေနိုင်ပါတယ်။ ကလေးများအတွက် ချောင်းဆိုးခြင်း၊ ရပ်ကျက်ခြင်း၊ တို့အတွက် ကွမ်းရွက်ကိုမီးကင်ပြီး ရင်ဘတ်၊ရင်ခေါင်းတွင် အအေးခံပြီးကပ်ပေပါ။ ချွဲသလိပ်ကပ်ခြင်း ကိုသက် သာစေပါတယ်။ ကလေးထိပ်ကပ်နာအတွက် အုန်းဆီဖြင့် ကွမ်းရွက်မီကင်းကာ ထိပ်မှာကပ်ပေး ပါကလည်း သက်သာစေနိုင်ပါတယ်။ 

ကွမ်းရွက်ကို ချင်း၊ထန်းလျက်ရောပြုတ်ပြီး ကျိုချက်သောက်ပေးပါက အအေးမိခြင်းကြောင့်ဖြစ်တတ်တဲ့ ဖျားနာ ခြင်းတွေတောင်ပျေက်ကင်းပါသတဲ့။ ကွမ်းရွက်ကိုပြုတ်ြ့ပီး ကျက်ခိုးနှင့် ဖျော်သောက်ပေးပါ ကအဖျားကြီးနေတာကို ပျေက်ကင်စေပါတယ်။ အဆစ်မြစ်ရောင်ခြင်းအတွက် ခတက်ရွက်ကိုထောပတ်နှင့် ဆတူရောပြီး တစ်နေ့တစ်ကြိမ် တစ်ကြိမ်တစ်ဇွန်းသောက်ပေးရင် သက်သာနိုင်ပါတယ်။ 

Source : စိုက်ပျိုးရေးဦးစီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။