ကျွန်တော်တို့ ကမ္ဘာမြေကြီးပေါ်တွင် ထူးခြားဆန်းပြားတဲ့ သက်ရှိပေါင်းများစွာ ရှင်သန်နေထိူင်ကြပြီး တချို့ သက်ရှိတွေဆိုလျှင် တွေ့ရခဲပြီး ကမ္ဘာကြီးရဲ့ ရေအောက်ကြမ်းပြင်တွေမှာပဲ နေထိုင်ကြပါတယ်။ ဒီအထဲမှာမှ သိပ္ပံပညာရှင်တွေဟာ ပစိဖိတ်သမုဒ္ဒရာ ကြမ်းပြင်အနက်ပိုင်းတွင် နထိုင်ကျက်စား နေသည့် Aphyonidae မျိုးစိတ် ငါးသရဲကို အသက်ရှင်လျက် ပထမဆုံးအကြိမ် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါငါးကို တစ္စေငါးလို့ အမည်ပေးထားပြီး အရှည် ၄လက်မရှိကာ ငါးရှဉ့်နှင့် ပုံစံတူပြီး အဖြူရောင် အရေပြားနှင့် ဖားလောင်းကဲ့သို့ အမြီးပါရှိပါတယ်။ အဆိုပါ တစ္စေငါးကို သမုဒ္ဒရာ ကြမ်းပြင်အနက် ပေ၈၂၀၀ အနက်တွင် တွေ့ရှိပြီးနောက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဆိုပါ ငါးမျိုးစိတ်ကို ယခုမှ တွေ့ မြင်ဖူးပြီး ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဇီဝဗေဒပညာရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။ 

နောက်ပိုင်းတွင် အဆိုပါ ငါးများရှင်သန်ကျက်စားတဲ့ ပတ်ဝန်းကျင်နဲ့ သူတို့ရဲ့ အစာရှာပုံတွေကို အသေးစိတ်လေ့လာသွားမယ်လို့ သိရပါတယ်။ ထို့အပြင် လေ့လာတွေ့ရှိချက်အသစ်များအရ ထိုငါးတွေဟာ အရေပြားတွင် အကြေးခွံများ မရှိဘဲ ကျောက်ကျောကဲ့သို့ ပြောင်ချော၍ အကြည်ရောင်ရှိနေတယ်လို့ ဆိုပါတယ်။  

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။