ဘရာဇီလ်းဂန္တဝင်ကစားသမား ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နေမာဒဏ်ရာကနေပြန်လည်သက်သာသွားမှာပါလို့ ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်ရော်နယ်ဒိုက ဘရာဇီလ်းအသင်းအတွက် ခက်ခဲမယ့်ပြိုင်ဘက် ၅ သင်းကိုလည်း ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာ နေမာပြန်လည်ပါဝင်လာခဲ့ရင် ဘရာဇီလ်းအသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်သွားပြီလို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုက နေမာနဲ့ ပတ်သတ်ပြီး " သူဒဏ်ရာရရှိနေခဲ့တာဟာ ကျွန်တော်တို့အတွက် ပြသာနာတစ်ခုဖြစ်စေပါတယ်။ဒါပေမယ့် သူဒဏ်ရာကနေအမြန်ဆုံးသက်သာလာပြီး ကမ္ဘာ့ဖလားမတိုင်မီ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ထင်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲဟာ တကယ်ကို ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုပါ။ဒါပေမယ့် ကျွန်တော့်တို့ကတော့ အကောင်းဆုံးအသင်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ် " လို့ ဖွင့်ဟခဲ့ပါတယ်။ 

ဆက်လက်ပြီး ရော်နယ်ဒိုက " ဘရာဇီလ်းအသင်း ဖလားရရှိဖို့ မျှော်လင့်မိပါတယ်။ဒါပေမယ့် ပြိုင်ဘက်အသင်းတွေထဲမှာ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ အာဂျင်တီးနား အသင်းတို့ဟာ ရင်ဆိုင်ရခက်တဲ့ အသင်းတွေဖြစ်ပါတယ်။ဒါကြောင့် ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ဆိုတာတော့ အမြဲတမ်းခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။