မြန်မာယူ-၁၉ အမျိုးသမီး အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲ ခြေစစ်ပွဲ၏ ဒုတိယပွဲစဉ်တွင်လည်း ကာဂျစ်စတန် အသင်းကို လေးဂိုးဂိုးမရှိ အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၁၉ အမျိုးသမီး အသင်းသည် ကာဂျစ်စတန် အသင်းနှင့် ပွဲစဉ်၏ ပွဲထွက်လူစာရင်းကို ပါလက်စတိုင်း အသင်းနှင့် ပွဲစဉ်က အတိုင်း အသုံးပြုခဲ့သည်။ မြန်မာယူ-၁၉ အသင်းသည် ပွဲစသည်နှင့် ဖိအားပေးကစားခဲ့ သော်လည်း ပွဲချိန် မိနစ် ၂၀ ကျော်မှသာ အဖွင့်ဂိုး ရရှိခဲ့ပြီး ထိုဂိုးသည် ကာဂျစ်စတန် အသင်းဂိုးသမား ဖျက်ထုတ် ကာကွယ်ရင်း ကိုယ်ဂိုးကို သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပွဲချိန် ၃၅ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သော်လည်း ထိုပင်နယ်တီကို ဇူလိုင်ကျော် ကန်သွင်းရာ လွဲချော်ခဲ့ရပြီး ပထမပိုင်း

ပွဲကစားချိန် အပြီးတွင် မြန်မာအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရိရှခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း မြန်မာအသင်းကသာ ဖိအားပေး ကစားခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် မြန်မာအသင်းအတွက် ဒုတိယဂိုးကို ဇူလိုင်ကျော်က ခေါင်းတိုက် သွင်းယူပေးခဲ့သည်။ ထို့အပြင် ပွဲချိန် ၅၈ မိနစ်တွင် လည်း ဇူလိုင်ကျော်က ဂိုးသမားလက်မှ ပြန်ကျလာသည့် ဘောလုံးကို အပိုင်ကန်သွင်းပြီး မြန်မာအသင်း အတွက် တတိယဂိုးကို ရယူပေးခဲ့သည်။ ပွဲချိန် ၆၃ မိနစ်တွင်လည်း ဇူလိုင်ကျော်က မြန်မာအသင်းအတွင် စတုုတ္ထဂိုး သွင်းယူ ပေးခဲ့ပြီး သူမအတွက် ဟက်ထရစ်ဂိုးကို ရယူနိုင်ခဲ့ သည်။ မြန်မာအသင်းအနေဖြင့် လက်ကျန် အချိန်များတွင် အနိုင်ဂိုးများ ထပ်မံ ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ပွဲပြီးဆုံးချိန်တွင် လေးဂိုးဂိုးမရှိ ဖြင့်သာ အနိုင်ရရှိပြီး ဂိုးကွာခြားချက်အရ အုပ်စု ဒုတိယ နေရာ ကို ရောက်ရှိသွားခဲ့သည်။

မြန်မာယူ-၁၉ အမျိုးသမီး အသင်း နည်းပြချုပ် ဦးဝင်းမြင်သွင်က “ကျွန်တော့် ကစားသမားတွေ ဂိုးရဖို့ ဖိအားများ နေခဲ့တာကြောင့် မှာထားတဲ့ အတိုင်း မကစားနိုင်ခဲ့ဘူး။ ထိုင်းနဲ့ ဂိုးကွာခြားချက် ရှိသွားခဲ့ပေမဲ့ ကျွန်တော်တို့ အတွက်တော့ ဖိအားမရှိပါဘူး။ ကျွန်တော်တို့ ထိုင်းထက် ဂိုးကွာခြားချက် သာနေရင်လည်း မဖြစ် မနေ အနိုင် ကစားရမှာပါ။ ထိုင်းနဲ့ ပွဲက အခွင့်အရေး ဆတူရှိပြီး သူတို့ရဲ့ အားနည်းချက်ကိုလည်း သိထားပါတယ်”ဟု ပြောကြားခဲ့သည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။