ပရိသတ်တွေအားလုံး စိတ်ဝင်စားစောင့်မျှော်နေကြတဲ့ ယခုနှစ်ရဲ့ အကယ်ဒမီးဆုပေးပွဲကြီးကတော့ မတ်လ(၂၃) ရက်နေ့ မနက်ဖြန်မှာ ကျင်းပတော့မှာပဲဖြစ်ပါတယ်။ အနုပညာရှင်တွေအားလုံးလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြ သလိုပရိသတ်တွေကလည်း သူတို့ချစ်တဲ့၊အားပေးတဲ့ အနုပညာရှင်တွေကို ထင်ကြေးတွေအသီးသီးပေးနေကြ ပြီး ရင်ခုန်စောင့်စားနေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်အချစ်တော်မင်းသားချောဟိန်းဝေယံကလည်း ယခုနှစ်ရဲ့ အကယ်ဒီဆုကြီးနှစ်ဆုအတွက် ခန့်မှန်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုနှစ်ဆုကို ခန့်မှန်းပေးလိုက်တာ ဖြစ်ပြီး သူရဲ့ခန့်မှန်းချက်လေး လွဲသွားရင်တော့နားလည်ပေးပါနော် ချစ်ပရိသတ်တွေအရွှန်းဖောက်လိုက်ပါ သေးတယ်။ဟိန်းဝေယံကိုယ်တိုင်ခန့်မှန်းလိုက်တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကတော့ ပရိသတ်တွေရဲ့ ရင်ကိုထိရှစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့“ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။နောက် ထပ်ခန့်မှန်းလိုက်တဲ့ ဒါရိုက်တာဆုကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းဒါရိုက်တာကြီးများဖြစ်ကြတဲ့ ဦးဇင်ယော်မောင်မောင် / ဦးညွန့်မြန်မာညီညီအောင်တို့ နှစ်ယောက်ကိုခန့်မှန်းလိုက်တာပဲ ဖြစ်ပါတယ်။ 

ဟိန်းဝေယံရဲ့ ခန့်မှန်းချက်မှန်မမှန်ဆိုတာကတော့ မကြာခင်မှာပရိသတ်တွေနဲ့ ထပ်တူတွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။အကယ်၍ လွဲသွားခဲ့ရင်လည်းနားလည်းပေးလိုက်ပါကြအုန်းနော်။ပရိသတ်တွေလည်း ဘယ်အနု ပညာရှင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အကယ်ဒမီရစေချင်လည်းဆိုတာ အပျော်သဘောလေး ဟိန်းဝေယံ နဲ့အတူတူ ခန့်မှန်းလိုက်ကြရအောင်နော်။ 

သတင်းအရင်းအမြစ် - ဟိန်းဝေယံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။