အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမား မယ်ကွန်ဟာ သူကစားချင်တဲ့ အသင်းကို ထုတ်ဖော်ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။မယ်ကွန်ဟာ ဘော်ဒိုးအသင်းနဲ့ ဒီနှစ်ရာသီကုန်ရင် လမ်းခွဲဖို့ရှိနေတာလည်းဖြစ်ပါတယ်။မယ်ကွန်အသင်းဟာ ဘော်ဒိုးအသင်းနဲ့ အတူခြေစွမ်းပြကစားနိုင်ပြီး အတိုးတတ်ဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

မယ်ကွန်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းက စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။မယ်ကွန်ကတော့ သူဘော်ဒိုးအသင်းကနေထွက်ခွာခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားဖို့ဟာ သူ့အိမ်မက်ဖြစ်တယ်လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကလည်း ရော်ဘင်နဲ့ ရီဘာရီ တို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် မယ်ကွန်ကို စောင့်ကြည့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ မယ်ကွန်က " ဘော်ဒိုးအသင်းမှာ ကစားရတာဟာ တကယ့်ကိုကောင်းမွန်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော် စွန့်စားမှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ကမ္ဘာ့ပေါ်မှာ ထိပ်သီးအသင်းတစ်သင်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားဖို့ဟာ ကျွန်တော့်အတွက် အိမ်မက်လည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဘယ်လိုအသင်းမျိုးဆိုတာကို လူတိုင်းသိပါတယ် " လို့ ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။