နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီနေတိုးတစ်ယောက် ဆုပန်ထွာရဲ့ ချစ်စ ဖွယ်သားလေးတစ်ဦးနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါ တယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်သလို ပရိတ်သတ်အားပေးမှုတွေလည်း အပြည့်အဝရရှိထားတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ မကြာခင်ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာလည်း " တာတေကြီး " ဇာတ်ကားနဲ့ ပရိတ် သတ်တွေက အကယ်ဒမီခန့်မှန်းနေကြတာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ အကယ်ဒမီ မရခဲ့ရင်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့တင် အများကြီးကျေနပ်ပါတယ်လို့ အင်တာဗျူး တစ်ခုမှာဖြေကြားခဲ့ပါတယ်။

ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်မှု ကြောင့် ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ် ထွက်ရှိမယ့် ဇာတ်ကားတွေလည်းအများအပြားရှိနေပြီး ပရိတ်သတ်တွေကလည်း အားပေး ဖို့အဆင်သင့်ဖြစ်နေကြပါ တယ်။ လက်ရှိချိန်ထိတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ အေးအေးဆေးဆေးအနုပညာအလုပ်တွေကို လုပ်နေတာပဲဖြစ်ပါတယ်။ ညီဖြစ်သူ မင်းသွေးကို လည်း အနုပညာလောကထဲမှာ လက်တွဲခေါ်ခဲ့တဲ့ အကိုကြီးအဖရာပီသသူလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေတိုးနဲ့ဆုပန်ထွာရဲ့ ချစ်စဖွယ်သားလေးတို့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေက ပရိတ်သတ်တွေကို သဘောကျစေခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေးနဲ့ အမိုက်စား ပုံရိပ်တွေနဲ့ ကိုနေတိုးတို့နှစ်ယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Nay Toe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။