အက်သလက်တီကိုအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှုး ဒီဘာလာကိုခေါ်ယူဖို့ ကြိုးစာနေတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ သူတို့အသင်းရဲ့ ကစားသမား ဂရဇ်စမန်းကို လက်လွှတ်ရဖို့ရှိနေတာကြောင့် တိုက်စစ်နေရာကို ဖြည့်တင်းဖို့ လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းအနေနဲ့ ဒီဘာလာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ဒီဘာလာအတွက် ပေါင် ၁၀၅ သန်းအသုံးပြုသွားဖို့ရှိနေတာဖြစ်ပါတယ်။သတင်းတွေကတော့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီနဲ့ ဒီဘာလာ တို့ဟာ တနလာၤနေ့က တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ဆီမြွန်နီကတော့ ဒီဘာလာကို အလိုရှိနေတာဖြစ်ပြီး ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ ကမ်းလှမ်းသွားမှာလည်းဖြစ်ပါတယ်။
ဒီဘာလာ ဟာ ဂျူဗင်တပ်အသင်းနဲ့ အတူ ခြေစွမ်းပြကစားထားနိုင်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင် ချန်ပီယံလိဂ်မှာ စပါးအသင်းဘက်ကို အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်တာလည်းဖြစ်ပါတယ်။ဒီဘာလာ ကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
source - daily mail sports
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။