မတ်လ ၂၁ရက်နေ့ညနေက သြစတြေးလျနိုင်ငံ ကွင်းစ်လန်ပြည်နယ်ရှိ Hardy Reefမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။ထိုရဟတ်ယာဉ်ဟာ လူ ၅ ဦး တင်ဆောင်လာပြီးပျံသန်းလာခဲ့တာလည်းဖြစ်ပါတယ်။ပျျက်ကျမှုဖြစ်စဉ်ကြောင့် လူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

၃ နာရီ ၃၅ မိနစ်ခန့်က ဝှီးတ်ဆန်းဒေကျွန်း အရှေ့မြောက်ဘက် ၆၅ ကီလီမီတာ အကွာမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့တယ်လို့ ထိုဒေသရှိ အရေးပေါ်ဝန်ဆောင်မှုဌာနက သတင်းပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။လေယာဉ်ပျက်ကျရာမှာတော့ အသက် ၇၉ နှစ်အရွယ် အမေရိကန်ခရီးသွား အမျိုးသားတစ်ဦး နှင့် အသက် ၆၅ နှစ်အရွယ် အမေရိကန် ခရီးသွား အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။လေယာဉ်မောင်းနှင်သူ အမျိုးသားတစ်ဦးနှင့်ကျန်ခရီးသွားနှစ်ဦးကတော့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ဒဏ်ရာသူ ၃ ဦးကိုတော့ နီးစပ်ရာ ဆေးရုံကို ဆေးကုသရန်ပို့ဆောင်ပေးထားတယ်လို့ သိရှိရပါတယ်။သြစတြေးလျသယ်ယူပို့ဆောင်မှုလုံခြုံရေးဌာနနှင့်အတူ ရဲတပ်ဖွဲ့က ပျက်ကျသွားတဲ့ လေယာဉ်အပိုင်းအစများကို ဆယ်ယူမှုများပြုလုပ်နေပြီး လေယာဉ်ပျက်ကျမှုနှင့်ပတ်သတ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

source - xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။