ပဉ္ဇလက်ရွာက ရေဝတီလေးကိုလည်း သတိရသေးရဲ့လား ပရိသတ်ကြီးရေ ။

သူမကတော့ သူမလေးကိုမမြင်ရတာကြာလို့ လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံကလေး အများ ကြီးရိုက်ကာ သူမFB စာမျက်နှာထက်မှာ မျှဝေထားပါတယ် ။

အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ပုံကလေးတွေနဲ့ အပြောင်အစပ်ကလေးတွေ ရိုက်ကူးထားတာမို့ သူမပရိသတ်တွေ အလွမ်းပြေမှာတော့ အသေအချာပါပဲ ။

သူမကတော့ အမြဲတမ်းအပြောင်အပျက်ကလေးတွေနဲ့ ပြုံးပျော်နေတဲ့ ပုံကလေးတွေရိုက်ကူး တက်တာမို့ သူမပရိသတ်တွေကိုလည်း ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေကြည့်ပါလို့ ပြောပြထားပါ သေးတယ် ။

အပစ်ကင်းကာ ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ သူမရဲ့အပြုံးတွေအလှအပတွေကိုတော့ Miss ပြိုင်ပွဲတွေမှာလည်း ပရိသတ်ကြီးသတိထားမိမှာ ဖြစ်သလို ပဉ္ဇလတ်ရွာ ဆိုတဲ့ ဇာတ်လမ်းလေးထဲက ရေဝတီဆိုတဲ့ ရိုးသားတဲ့ကောင်မလေးကိုတော့ မေ့သွားမယ် မထင်ပါဘူးနော် ။

လက်ရှိမှာတော့ “ နုလုံးသားနဲ့ အနီးဆုံး” ဆိုတဲ့ဇာတ်လမ်းတွဲလေးကို မင်းသားချောလေး ကောင်းမြတ်စံနဲ့အတူ ရိုက်ကူးနေပြီး တီဗွီဖန်သားပြင်ထက်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးနဲ့အတူ ရောက်ရှိဖို့အတွက် ပြင်ဆင်လို့နေပါတယ် ။

ရေဝတီလေးကို နောက်ထပ်ဘယ်လိုဇာတ်ရုပ်နဲ့ မြင်တွေ့ရမလဲဆိုတာ စောင့်ကြည့်အုံးနော် ပရိသတ်ကြီး ။

Source – Nan Sandar Hla Htun FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။