နာမည်ကျော်တစ်ဦးဖြစ်တဲ့ အုပ်စိုးခန့်ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ Running Man ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lee Kwang Soo နဲ့ ရုပ်ချင်းဆင်တူနေ တာပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ ပုံတွေကို သေချာတိုက်ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးဆင်တူနေတာကိုတွေ့ရပါ တယ်။ နှစ်ယောက်လုံးကလည်း နာမည်ကြီးတွေဖြစ်ပြီး ပရိတ်သတ်တွေရဲ့အသည်းကျော်တွေ ဖြစ်ကြပါတယ်။ ဂွမ်ဆူဟာဆိုရင်လည်း အာရှတိုင်းပြည်တွေရဲ့ အသဲစွဲ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အုပ်စိုးခန့်ဟာဆိုရင် ကိုယ်တိုင်ရေးတဲ့သီချင်းလေးတွေကို MTV လေးတွေ စတင် ရိုက်ကူးရာမှ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါ တယ်။

သိပ်မကြာသေးခင်က " တန်ခူးမေ " သင်္ကြန်သီချင်း MTV ကို သရုပ်ဆောင်ယွန်းယွန်းနဲ့ တွဲဖက်ရိုက်ကူးခဲ့ပြီး နှစ်ယောက်သား လိုက်ဖက်လွန်းတဲ့ ပုံစံလေးနဲ့ ချစ်စဖွယ်သရုပ်ဆောင် သွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က အုပ်စိုးခန့်ရဲ့ Facebook Acc ကို Hacker တစ်ယောက်မှ Hack သွားခဲ့ပြီး Data အချို့ကို Public ကို ပြန့်အောင်လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ Facebook Acc လည်း ပြန်လည်ရရှိသွားပြီဖြစ်ပြီး အခြေအနေတွေလည်း အေးဆေးတည်ငြိမ်သွားပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရိတ်သတ်တွေကြားရေပန်းစားလွန်းတဲ့ ဂွမ်ဆူနဲ့ အုပ်စိုးခန့်တို့ရဲ့ပုံရိပ်တွေ က တကယ့်ဂယက်အကြီးစားတစ်ခုပါပဲ။ တစ်ချို့ ပရိတ်သတ်တွေကလည်း မတူဘူးဆိုပြီး ပြော ကြပါတယ်။ သေချာစေ့စေ့စပ်စပ်ကြည့်ရင် ကွဲပြားတာတွေရှိနိုင်ပေမယ့် ရုတ်တရက်ကြည့်ရင် အုပ်စိုးခန့်ဟာ ဂွမ်ဆူနဲ့အတော်လေးဆင်တူနေတာဖြစ်ပါတယ်။ တူမတူဆိုတာတော့ ပုံလေး တွေနဲ့ယှဉ်ပြထားပေးတာမို့ ပရိတ်သတ်ကြီးက ဆုံးဖြတ်ပေးပါဦးနော်။

Photo - Trendy News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။