ဒါရိုက်တာကိုပေါက်နဲ့ နိုင်ငံကျော်မင်းသား နိုင်းနိုင်းတို့ ကြားက ဆက်ဆံရေးကို မသိသေးတဲ့ ပရိသတ်တွေရှိမှာပါ။

သူငယ်ချင်းဖြစ်သူနိုင်းနိုင်းရဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ ဒုဌဝတီ ဟာ ထရေလာနဲ့တင် ပရိသတ်တွေအရမ်းစိတ်ဝင်စားနေပြီမို့ ရုံတင်မယ့်ရက်ကိုလည်း မျှော်လင့်နေရတာပါ။

“သူငယ်ချင်း 99ရေ

ငါတို့နှစ်ယောက် ပန်းကြာဝတ်မှှုံမှာနောက်ဆုံးတွေ့ခဲ့ကြတယ်။

နင်က မင်းသား။ ငါက တွဲဖက်ဒါရိုက်တာ။

အကယ်ဒမီနီးလာတော့ နင့်ကိုပန်းကြာဝတ်မှုံနဲ့အကယ်ဒမီရစေချင်ခဲ့တယ်။

ငါ့ ဆုတောင်းတွေမပြည့်ခဲ့ဘူး။

ဒီလိုနဲ့တို့တွေ ဝေးသွားကြတယ်။

ငါတို့တွေ ပြန်ဆုံကြတိုင်း ကိုဂျွန်ရဲ့STARမော်ဒယ်မှာ Showလျောက်တုန်းကအကြောင်းတွေ။မန်းလေး မြို့တော်ခန်းမပွဲအပြီး ထွက်ပြေးရတာတွေ။အများကြီးပြောဖြစ်ကြတယ်နော်။

သူငယ်ချင်းက မင်းသား

ငါက ဒါရိုက်တာအဖြစ် vdoတွေလည်းရိုက်ခဲ့ကြသေးတယ်။နိုင်းနိုင်း ဆိုတာ တစ်ခေတ်ဖြစ်ခဲ့သေးတာအားလုံးလဲသိပါတယ်။

အခုပြောချင်တာကမြန်မာပြည်မှာ ဈေးကွက်လျော့သွားတဲ့မင်းသားတွေကို အသိုင်းအဝိုင်းကခင်တော့ခင်ပေမယ့် ခပ်ဝေးဝေးလေးမှာမေ့ထားတတ်ကြတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။

သူငယ်ချင်းကရှေ့တိုးဖို့အတွက် ခြေလှမ်းတွေအများကြီးနောက်ဆုပ်ခဲ့တာလို့မြင်ပါတယ်။

သူငယ်ချင်း 99နဲ့အတူ

လူငယ်ဒါရိုက်တာ အာကာတို့ရဲ့ရဲရဲရင့်ရင့် ယုံကြည်ချက်တွေက ပြောင်းလဲဖို့တောင့်တနေတဲ့အရွေ့တစ်ခုကိုဦးတည်နေတယ်ဆိုတာ ယုံတယ်သူငယ်ချင်း။

ဒုဌဝတီကိုကျော်ပြီးမြန်မာ့ရုပ်ရှင် ကမ္ဘာနှစ်ထပ်ဖြစ်အောင်လှမ်းလာခဲ့ပါတော့ သူငယ်ချင်း ငါမစောင့်နိုင်တော့ဘူး။

99ပြန်လာရင် ချစ်တဲ့စိတ်နဲ့ကြိုဆိုပေးစေချင်တယ်။

ကျွန်တော့သူငယ်ချင်းအတွက်

ရွာသားကိုပေါက်”” ဆိုပြီး နိုင်းနိုင်းအတွက် အားပေးချီးကျုးတဲ့ စကားကို ဖွင့်ဟလိုက်တာဖြစ်ပါတယ်။

အနုပညာသည်အချင်းချင်းကူညီဖေးမတဲ့ စိတ်ရှိတဲ့ နိုင်ငံကျော်ဒါရိုက်တာ သရုပ်ဆောင် ကိုပေါက်ရဲ့ စိတ်ထားလေးကတော့ တကယ်ကို ချီးကျူးစရာကောင်းပါတယ်။

Source :Aung min naing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။